ဖခင်ဖြစ်သူကြောင့် အောင်မြင်မှုရယူနိုင်ခဲ့တဲ့ Eddie Alvarez

ဖခင်ဖြစ်သူကြောင့် အောင်မြင်မှုရယူနိုင်ခဲ့တဲ့ Eddie Alvarez

အမေရိကန်အားကစားသမား “The Underground King” Eddie Alvarez ဟာ ချန်ပီယံတစ်ယောက်အနေနဲ့ မွေးဖွားလာသူတော့ မ ဟုတ်ပါဘူး။ ဒါပေမဲ့လည်း ၎င်းငယ်စဉ်ကတည်းက မိမိကိုယ်သာ ကိုးကွယ်ရာဆိုသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိရမယ်ဆိုတဲ့ သင်ကြားပြသမှုကို အရိုးစွဲခဲ့တာကြောင့် အောင်မြင်မှုလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဖီလာဒဲလ်ဖီးယားမှာနေထိုင် တဲ့ အသက် ၃၆ နှစ်အရွယ် Alvarez ဟာ UFC၊ Bellator၊ DREAM အပါအဝင် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်းကြီး   တွေမှာ ပါဝင်ယှဉ်ပြိုင်ဖူးပြီး UFC လိုက်ဝိတ်တန်း ချန်ပီယံခါးပတ်တစ်ကြိမ်၊ Bellator လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို နှစ်ကြိမ်ရရှိ ဖူးသူပါ။

၎င်းဟာ ၂၀၁၉ ခုနှစ်မှာ ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship နဲ့ လက်တွဲကာ ၂ ပွဲ ယှဉ်ပြိုင်အပြီး ၁ ပွဲနိုင်၊ ၁ ပွဲရှုံးမှတ်တမ်း ပိုင်ဆိုင်ထားပါတယ်။ ကစားသမားဘဝတစ်လျှောက် ပွဲ ၃၀ နိုင်၊ ၉ ပွဲရှုံးမှတ်တမ်း ပိုင်ဆိုင်ထား တဲ့ Alvarez ဟာ ကလေးဘဝတုန်းက အားကစားနည်းမျိုးစုံသင်ယူကာ ပြိုင်ပွဲတွေ ပါဝင်ဆင်နွှဲခဲ့ပါတယ်။ ဖခင်ဖြစ်သူ Lou Alvarez က ၎င်းကို မိမိဆီကရယူနိုင်တဲ့ အကောင်းဆုံးတွေကလွဲပြီး ကျန်တာဘာကိုမှ မမျှော်လင့်ဖို့ အမြဲသင်ကြားပေးခဲ့ပါတယ်။

“အဖေက ကျွန်တော့်ကို ဘုရားသခင်လို ခံစားရအောင် လုပ်ပေးခဲ့တယ်။ ကျွန်တော် မအောင်မြင်ရင်တောင် သူက ကျွန်တော့်ကို ဆင် ခြေပေးတယ်။ အဖေက ဂုဏ်ယူတတ်တဲ့လူမျိုးပါ။ နည်းနည်းအတ္တကြီးပြီး ကျွန်တော်ရှုံးနိမ့်ရင် သူရှုံးနိမ့်သလိုမျိုး ခံစားတတ်တယ်။ တစ် နည်းပြောရရင်တော့ဗျာ… ကျွန်တော့်ရဲ့ရှုံးနိမ့်မှုတွေအတွက် သူက ဆင်ခြေပေးတယ်။ ဒါပေမဲ့ အဖေက ကျွန်တော့်ကို အခြာသူတွေ မ ယှဉ်နိုင်တဲ့ ပြိုင်ဘက်ကင်းတစ်ယောက်ဖြစ်လာအောင် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်” လို့ ၎င်းက ပြောပါတယ်။

Lou ဟာ သားဖြစ်သူ အောင်မြင်မှုတွေရယူနိုင်ဖို့အတွက် ငယ်စဉ်ကတည်းက ပံ့ပိုးပေးခဲ့သလို စိတ်အားငယ်နေချိန်မှာလည်း စိတ်ဓာတ်မ ကျအောင် ဖေးမကူညီပေးခဲ့သူပါ။ တစ်မိသားစုလုံးက Alvarez အပေါ် ကြီးမားတဲ့ထောက်ပံ့ကူညီမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ဖခင်ဖြစ် သူရဲ့စေတနာတွေကိုတော့ မယှဉ်နိုင်ခဲ့ပါဘူး။ Lou ဟာ သားဖြစ်သူအတွက် လက်ဝှေ့ထိုးတဲ့ လက်အိတ်တစ်စုံကို ပထမဆုံးဝယ်ပေးခဲ့ စဉ်က လက်သီးထိုးချက်တွေကို ဘယ်လိုထိုးရမလဲဆိုတာကိုပါ သင်ကြားပြသပေးခဲ့ပါသေးတယ်။ ဒါကြောင့်လည်း Alvarez က ဖခင်ဖြစ် သူရဲ့မေတ္တာ၊ စေတနာတွေကို ယခုအချိန်အထိ သတိတရ ပြန်ပြောင်းပြောပြခဲ့တာဖြစ်ပါတယ်။ လက်ဝှေ့၊ နပမ်း၊ ဘောလုံး စတဲ့ အား ကစားပေါင်းစုံ ကစားခဲ့တဲ့ ၎င်းကို ဖခင်ဖြစ်သူက အားကစားတစ်ခုတည်းအပေါ်မှာသာ အာရုံအပြည့်ထားဖို့ တိုက်တွန်းခဲ့တာကြောင့် သူ ဟာ နောက်ပိုင်းမှာ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားကိုရွေးချယ်ခဲ့တာပါ။

“အဖေသာ နည်းပြလုပ်မယ်ဆိုရင် ကျွန်တော် အရင်ဆုံခဲ့တဲ့နည်းပြတွေထက်တောင် ပိုကောင်းတဲ့နည်းပြဖြစ်မှာ သေချာပါတယ်။ သူက အရမ်းကြင်နာတတ်တဲ့ ဖခင်တစ်ယောက်ပါ။ ကျွန်တော် နပမ်း ဒါမှမဟုတ် ဘောလုံးကစားတဲ့အချိန်မှာ အဖေဟာ အဲဒီအားကစားနည်း တွေနဲ့ပတ်သက်ရင် ဘာအတွေ့အကြုံမှ မရှိပါဘူး။ ဒါပေမဲ့လည်း အဖေဟာ အကောင်းဆုံးချဉ်းကပ်ပြီးတော့ ကျွန်တော့်ကို နည်းပေး လမ်းပြ ပြုလုပ်ပေးခဲ့ပါတယ်။ အတိတ်ကို ပြန်ပြောင်းကြည့်ပြီး ဒီအကြောင်းတွေကို ပြန်တွေးကြည့်ရင် ရယ်စရာကောင်းနေမှာပါ။ ဒါပေမဲ့ အဖေက အကောင်းဆုံးအလုပ်လုပ်ခဲ့တယ်။ အဲဒါကပဲ ကျွန်တော့်ကို ဒီနေ့ဒီအချိန်မှာ အားကစားသမားကောင်းတစ်ယောက်၊ ပြိုငါဘက် ကောင်းတစ်ယောက်ဖြစ်လာအောင် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်” လို့ Alvarez က ဖခင်ဖြစ်သူရဲ့ကျေးဇူးတရားကြီးမားပုံကို ဖွင့်ဟခဲ့ပါတယ်။

ဖခင်ဖြစ်သူရဲ့ပံ့ပိုးကူညီမှု၊ လမ်းညွှန်မှုနဲ့ ဖေးမမှုတွေကိုသာ မရခဲ့ဘူးဆိုရင် ကမ္ဘာ့ချန်ပီယံတစ်ဦးဘဝကို ရောက်မလာနိုင်ဘူးလို့လည်း ၎င်းက ဝန်ခံပါတယ်။ ဒါ့အပြင် Alvarez က ဖခင်ဖြစ်သူလိုပဲ သူ့အပေါ် ကစားသမားတစ်ယောက်လို၊ နည်းပြတစ်ယောက်လို ကူညီပံ့ပိုး ပေးခဲ့သူတွေရှိတယ်လို့ ဆိုခဲ့ပြီး ၎င်းတို့ရဲ့အထောက်အပံ့တွေကြောင့် လက်ရှိဘဝကို ရရှိခဲ့တာဖြစ်ကြောင်းလည်း အခြားသူတွေရဲ့ ကျေး ဇူးတရားတွေအပေါ် အသိအမှတ်ပြုခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly