မြိတ်တွင် နှာခေါင်းစည်း(Mask) တစ်သောင်းကျော် အခမဲ့ ဝေငှ

မြိတ်၊ ဧပြီ (၈)

တနင်္သာရီးတိုင်းဒေသကြီး၊ မြိတ်မြို့တွင်  ဆိုင်ကယ်အရောင်းလုပ်ငန်းရှင်များအသင်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့မှပူးပေါင်းကာ Mask အခု တစ်သောင်းကျော်ကို  မြို့ခံပြည်သူများအား ယနေ့ (ဧပြီလ ၈ ရက်)နံနက်ပိုင်းက ခမဲ့ဝေငှပေးအပ်ခဲ့ကြောင်း သိရ သည်။

“ကျွန်တော်တို့ မြန်မာတစ်နိုင်ငံလုံးပါ မကဘူး၊ တကမ္ဘာလုံးကိုပါ ခြိမ်းခြောက်နေတဲ့ ကိုဗစ်- ၁၉ ရောဂါကို ကာကွယ်တဲ့ တုန့်ပြန်တဲ့ အနေနဲ့ ကျွန်တော်တို့ ဒီ Mask နာခေါင်းစည်းကို ပူးပေါင်း လှူဒါန်းခြင်း ဖြစ်တယ်”လို့ မြိတ်ခရိုင် အမှတ် (၇၆) ယာဉ်ထိန်း ရဲတပ်ဖွဲ့ (မြိတ်) ဒုရဲမှူး ကိုကိုက ပြောကြား သည်။

ပြည်သူများထံ နှာခေါင်းစည်း(Mask )များအား အခမဲ့ဝေငှခြင်း အစီအစဉ်ကို ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ သူနာပြုများ/ကျန်းမာရေး အဖွဲ့၊ ပရဟိအဖွဲ့စည်းနှင့် ဆိုင်ကယ်အရောင်းလုပ်ငန်းရှင်များ အသင်းတို့မှ ပူးပေါင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

“အခုဆိုရင် ကိုဗစ်နဲ့ပတ်သက်ပြီး၊ ပြည်သူတွေ ကျန်းမာရေးအသိအနေနဲ့ရောဂါကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် Mask တွေကို ဝေငှတာ ဖြစ်တယ်”ဟု  မြိတ်ဆိုင်ကယ်အရောင်းလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနိုင်ဦးက  ပြောဆိုသည်။

အဆိုပါ နှာခေါင်းစည်း(Mask )အခုရေ တစ်သောင်းကျော်ကို    မြစ်ငယ်ရပ်ကွက်ရှိ ဗိုလ်ချုပ် မြင်းစီးရုပ်အရှေ့တွင် ဝေငှပေခဲ့ပြီး မြို့ပေါ်ရှိ ဆိုင်ကယ် စီးနင်းသွားလာနေသူများကို ဝေငှပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly