ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်၌ ၂၄ နာရီအတွင်း လူ ၂၀၀၀ နီးပါး သေဆုံး

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်၌ ၂၄ နာရီအတွင်း လူ ၂၀၀၀ နီးပါး သေဆုံး

ဧပြီ ၈

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်နိုင်ငံမှ ၂၄ နာရီအတွင်း လူ ၂၀၀၀ နီးပါး သေဆုံးကြောင်း အင်္ဂါနေ့ ည ရှစ်နာရီခွဲအထိ Jons Hopkins တက္ကသိုလ်ရဲ့ စစ်တမ်းကောက်ယူချက်အရ သိရပါတယ်။

တစ်နေ့တာ စံချိန်တင် ၁၉၃၉ ဦး သေဆုံးခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံမှာ သေဆုံးသူဦးရေဟာ အဆိုးဆုံးနိုင်ငံတွေဖြစ်ကြတဲ့ အီတလီနဲ့ စပိန်တို့က နှုန်းထားနား ကပ်လာပြီး စုစုပေါင်း ၁၂၇၂၂ ဦး သေဆုံးပြီ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီနိုင်ငံမှာ သေဆုံးသူ စုစုပေါင်း ၁၇၁၂၇ ဦး၊ စပိန်နိုင်ငံမှာ ၁၃၇၉၈ ဦး သေဆုံးခဲ့ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်က ဗိုင်းရပ်စ်အကျပ်အတည်းကို ၎င်းရဲ့ တုံ့ပြန်ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ခုခံကာကွယ်ပြေဆိုာကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကို တုံ့ပြန်မှု နှေးကွေးတယ်ဆိုပြီး အပြစ်ဆိုပါတယ်။

WHO ကို ချွတ်ယွင်းရှိတဲ့ အကြံပြုချက် ဘာကြောင့်ပေးရသလဲဆိုကာ ထရမ့်က မေးခွန်း ထုတ်ခဲ့ပါတယ်။ ဗိုင်းရပ်စ်စတင်ဖြစ်ပွားပေါ်ပေါက်ရာ တရုတ်နိုင်ငံမှ နိုင်ငံတကာခရီးသွားလာမှုတွေကို လျှော့ချဖြတ်တောက်တာမျိုး အကြံပြုချက်တွေ မထုတ်ပြန်ခဲ့တာကို ရည်ညွှန်းပြောဆိုပုံ ရပါတယ်။

“သူတို့တွေ အမှန်တကယ်ပဲ လွဲချော်ခဲ့ကြတယ်။ အစောပိုင်းလတွေကတည်းက အကြံပြုချက်တွေ ထုတ်ပြန်သင့်တာဖြစ်တယ်။”လို့ ထရမ့်က ပြောပါတယ်။

ထရမ့်အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်အရေးကို နိုင်ငံတော်အရေးပေါ်အခြေအနေအဖြစ် လက်မခံသေးခင် အစောပိုင်းမှာ အဆင့်လျှော့ချပြောဆိုခဲ့တာတွေအတွက် ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန် ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly