ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ကန်ဒေါ်လာ ၁ ဘီလီယံ လှူဒါန်းမည်ဟု Twitter အကြီးအကဲ ကတိပြု

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ကန်ဒေါ်လာ ၁ ဘီလီယံ လှူဒါန်းမည်ဟု Twitter အကြီးအကဲ ကတိပြု

ဧပြီ ၈

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းမည့် ကြိုးပမ်းအားထုတ်မှုများအတွက် ကန်ဒေါ်လာ ၁ ဘီလီယံ (စတာလင်ပေါင်သန်း ၈၁၀) လှူဒါန်းမည်ဖြစ်ကြောင်း Twitter တည်ထောင်သူ Jack Dorsey က ထုတ်ပြန်ပြောဆိုသွားခဲ့သည်။

ယခုလှူဒါန်းမှု ပမာဏသည် ၎င်း၏ ကြွယ်ဝမှုတန်ဖိုး၏ ခန့်မှန်းခြေ ၂၈ ရာခိုင်နှုန်းပင် ဖြစ်ကြောင်း Mr Dorsey က ပြောသည်။

ငွေပေးချေမှု app တစ်ခုဖြစ်သော Square ကို တည်ထောင်သူလည်း ဖြစ်သည့် Mr Dorsey က ယခု လှူဒါန်းမှုကို Twitter တွင် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်ပြီး  အရေးတကြီး လိုအပ်မှုများ တိုး၍ တိုး၍ ဖြစ်ပေါ်နေလျက်ရှိသည်ဟုလည်း ရေးသားခဲ့သည်။

COVID-19 တိုက်ဖျက်ရေးအတွက် ရည်ရွယ်သည့် ယခု လှူဒါန်းမည့် ငွေကြေးများကို မည်သည့်နေရာသို့ ပေးပို့ ကူညီသွားမည် ဆိုသည်နှင့်ပတ်သက်၍ Mr Dorsey က တိတိကျကျ ပြောဆိုသွားခြင်း မရှိခဲ့ပေ။

အမေရိကန်တွင်မူ အသက်ရှုစက် (ventilator) များနှင့် တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေး ပစ္စည်းများ လိုအပ်မှု ဖြစ်ပေါ်နေပြီး လုပ်ငန်းကိုင်ငန်းများနှင့် လူတစ်ဦးချင်းတစ်ယောက်ချင်းသည်လည်း စီးပွားရေးအရ ရုန်းကန်နေရလျက် ရှိသည်။

ယခုလှူဒါန်းမှုအတွက် ငွေကြေးမတည်ရန် Square တွင် ၎င်းပိုင်ဆိုင်ထားသည့် ရှယ်ယာများကို အသုံးပြုသွားမည်ဖြစ်ကြောင်း Mr Dorsey က ပြောသည်။

အသက် ၄၃ နှစ်အရွယ် Mr Jack Dorsey သည် Twitter နှင့် Square ကုမ္ပဏီနှစ်ခုစလုံးတို့၏ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly