မော်တော်ယာဉ်အသုံးပြုမှုလျော့နည်းလာ၍ အမေရိကန် ကားအာမခံကုမ္ပဏီများ ငွေပြန်အမ်း

မော်တော်ယာဉ်အသုံးပြုမှုလျော့နည်းလာ၍ အမေရိကန် ကားအာမခံကုမ္ပဏီများ ငွေပြန်အမ်း

ဧပြီ ၇

အမေရိကန်ကားအာမခံကုမ္ပဏီများဖြစ်ကြသည့် Allstate နှင့် American Family Insurance တို့သည် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း လူအများက မော်တော်ယာဉ်အသုံးပြုမှု လျော့နည်းလာသဖြင့် ၎င်းတို့ထံ ကားအာမခံထားသူများအား  စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၀၀ ပြန်ပေးအပ်သွားမည်ဟု တနင်္လာနေ့က ကြေညာခဲ့သည်။

Allstate (ALL) ကုမ္ပဏီက ဧပြီနှင့်မေလများ၌  ပရီမီယံအာမခံကြေးသွင်းထားသူများအား သွင်းငွေ၏ ၁၅ % နှုန်း ငွေပြန်အမ်းမည်ဖြစ်ကာ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၆၀၀ ပေးအပ်သွားမည်ဟု ဆိုသည်။

“ကားအသုံးပြုမှု လျော့နည်းလာလို့ ဖောက်သည်တွေက Shelter-in Place Payback အနေနဲ့ ငွေပြန်ရကြမှာပါ၊ ကားသိပ်မမောင်းကြတော့ မတော်တဆဖြစ်မှုလည်း နည်းပါးလာတဲ့အတွက် ဒီလိုလုပ်တာ တရားမျှတပါတယ်” ဟု Allstate မှ အမှုဆောင်အရာရှိချုပ် Tom Wilson ကပြောသည်။

Allstate အာမခံကုမ္ပဏီသည် တစ်ဦးချင်းစီ ကားအာမခံလုပ်ထားသည့် အမေရိကန်နှင့် ကနေဒီယံ နိုင်ငံသားများအားလုံးကို ငွေပြန်ပေးမည်ဖြစ်သည်။

American Family ကုမ္ပဏီကလည်း အမေရိကန်ပြည်နယ် ၁၉ ခုက ဖောက်သည်များကို ငွေပေးအပ်သွားမည်ဟုဆိုသည် ။

American Family  သည် one-time payment စနစ်ဖြင့် အာမခံလုပ်ထားသည့် အိမ်ထောင်စုများကို ကားတစ်စီးလျှင် အမေရိကန်ဒေါ်လာ ၅၀ နှုန်းဖြင့် စုစုပေါင်း ဒေါ်လာ သန်း ၂၀၀ ပြန်လည်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly