တောင်ကိုရီးယားမှာ စစ်မှုထမ်းဖို့ စတင်တော့မယ့် တော့တင်ဟမ်ကြယ်ပွင့် ဆွန်ဟောင်မင်

တောင်ကိုရီးယားမှာ စစ်မှုထမ်းဖို့ စတင်တော့မယ့် တော့တင်ဟမ်ကြယ်ပွင့် ဆွန်ဟောင်မင်
Photo: EPA

ဆွန်ဟောင်မင်ဟာ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဘောလုံးပွဲတွေ ရပ်နားထားတဲ့ကာလအတွင်း ဒီလနှောင်းပိုင်းမှာ တောင်ကိုရီးယားမှာ လေးပတ်ကြာ စစ်မှုထမ်းသွားမှာဖြစ်တယ်လို့ သူ့ရဲ့ကလပ် တော့တင်ဟမ်က အတည်ပြုသတင်းထုတ်ပြန်ခဲ့ပါတယ်။

တောင်ကိုရီးယား အမျိုးသားတွေအားလုံးဟာ အသက် ၂၈ နှစ်မှာ စစ်မှုထမ်းတာဝန်ကို ပြီးမြောက်ရမှာဖြစ်ပါတယ်။

ဇွန်လမှာ အသက် ၂၈ နှစ်ပြည့်မယ့် ဆွန်ဟာ လက်မောင်းကျိုးဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပြီး ပြီးခဲ့တဲ့လက နေရပ်တိုင်းပြည်ကို ပြန်သွားဖို့ ခွင့်ပြုခံခဲ့ရပါတယ်။

တော့တင်ဟမ်က "ဒီလအတွင်း တောင်ကိုရီးယားမှာ တိုက်စစ်မှူး ဆွန်ဟောင်မင် စစ်မှုထမ်းမှာပါ။ ဆွန်ဟာ စစ်မှုထမ်းကာလပြီးဆုံးသွားတဲ့ မေလရောက်ရင် လန်ဒန်ကို ပြန်လာမှာပါ။"လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဆွန်ဟာ လန်ဒန်ကနေ တောင်ကိုရီးယားကို ပြန်သွားခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားခြင်းကနေ ကာကွယ်ဖို့ လက်ရှိအချိန်မှာ ၁၄ ရက်ကြာ Quarantine လုပ်နေရပြီး ဧပြီ ၂၀ မှာ စတင်စစ်မှုထမ်းဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

သူဟာ တောင်ကိုရီးယားအသင်းကို ၂၀၁၈ အာရှအားကစားပြိုင်ပွဲမှာ အောင်မြင်အောင် ကူညီပြီးနောက် ၂၁ လ စစ်မှုထမ်းခြင်းကနေ ကင်းလွတ်ခွင့်ရခဲ့ပေမယ့်လည်း လေးပတ်ကြာ ထမ်းဆောင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly