COVID -19 ရောဂါ ကူးစက် ပြန့်နှံ့မှု မရှိစေရန် နေရပ်ပြန် ရေလုပ်သားများ ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်

COVID -19 ရောဂါ ကူးစက် ပြန့်နှံ့မှု မရှိစေရန် နေရပ်ပြန် ရေလုပ်သားများ ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ ဧပြီ ၇

ကိုရိုနာဗိုင်းရပ်စ် (COVID -19) ရောဂါ ကူးစက်ပြန့်နှံ့မှု အန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေး အတွက် ပင်လယ်ပြင်မှ နေရပ် ပြန်လည် ဝင်ရောက် လာသည့်  ရေလုပ်သားများအား ကျန်းမာရေး  စတင် စစ်ဆေးမှုများ ပြုလုပ် နေကြောင်း သိရ သည်။

ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြန်မာ့ ပင်လယ်ပြင်မှ နေရပ် ပြန်လည် ဝင်ရောက် လာသည့် ရေလုပ်သားများကို မတ်လ အကုန်ပိုင်းမှ စတင်ကာ အခု ဧပြီလ ဆန်းပိုင်း အထိ ကျန်မာရေး ဝန်ထမ်းများ၊ ငါးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရေလုပ်ငန်းရှင်များနှင့် ပရဟိတ အဖွဲ့စည်းများက ကူညီ စစ်ဆေးနေကြောင်း သိရ သည်။

ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးထွန်းနောင်ဦးက“(Covid-19) ကြိုတင် ကာကွယ်နိုင်ရေးနဲ့ ပတ်သက်ပြီး၊ one stop service အနေနဲ့ ပင်လယ်နှင့် ပြည်ပကလာတဲ့ လှေဝင်/ထွက်တွေကို စစ်ဆေးနေသလို ရေလုပ်သားတွေကိုလည်း ကျန်းမာရေး စစ်ဆေးနေတာ ဖြစ်တယ်”ဟု ပြောဆို သည်။

ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

လက်ရှိ အချိန် အထိ ပင်လယ်ပြင်မှ ပြန်လည် ဝင်ရောက် လာသည့် ငါးဖမ်းလှေ အစီးရေ ၁၀၀ ကျော်နဲ့ ရေလုပ်သား အယောက် ၃၀၀၀ ကျော်ကို ကိုဗစ်-၁၉ ကျန်မာရေး စစ်ဆေး ပေးခဲ့ကြောင်း သိရ သည်။

ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

“ကျွန်တော်တို့ ရေလုပ်သားတွေလည်း ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး၊ သတင်းတွေ ဖတ်ရပါတယ်၊ နောက်ပြီး ရေလုပ်သားတွေမှာ အများစုက ရေဒီယို နားထောင် ကြတော့ သတင်းတွေ လွှင့်ပေး နေတော့ သတိထားပါတယ်”လို့ ငါးဖမ်းလှေ ပဲ့နင်း ဦးတင့်လွင်ဦးက ပြောကြား သည်။

ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြန်မာလပြည့်နေ့ ဝန်းကျင် လဆန်း (၁၂) ရက်ကနေ လပြည့်ကျော် (၁) ရက်နေ့ အထိ ရေလုပ်ငန်း သဘော သဘာဝ အရ အဆိုပါ ရက်တွေမှာ လုပ်ငန်း ရပ်နား ကြကြောင်း သိရ သည်။

ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

ထိုအပြင် ၎င်း ရက်တွေမှာ ဝါတန်း (ဝိုင်းချုပ်) လှေတွေ၊ ကင်းမွန် မီးထွန်း လှေတွေ အများဆုံး ကမ်းကို ပြန်လည် ဝင်တဲ့ ရက်တွေ ဖြစ်ကြောင်း သိ သည်။

မြိတ်ခရိုင် အတွင်း ကမ်းနီး ငါးဖမ်းလှေ အစီးရေ ၆၀၀၀ ကျော်နှင့် ကမ်းဝေး ငါးဖမ်းလှေ အစီးရေ ၁၂၀၀ ကျော်နဲ့ ကမ်းနီး/ကမ်းဝေး ရေလုပ်သား အယောက် ၄၀၀၀၀ ကျော်နီးပါး ရှိကြောင်း သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly