နေပြည်တော်က COVID -19 လူနာတွင် လတ်တလော စမ်းသပ်ချက်အရ ပိုးမတွေ့ဟုဆို

06 April 2020
နေပြည်တော်က COVID -19 လူနာတွင် လတ်တလော စမ်းသပ်ချက်အရ ပိုးမတွေ့ဟုဆို

နေပြည်တော်ကောင်စီနယ်မြေထဲက ဆွစ်ဇာလန်နိုင်ငံနိုင်ငံသူ အသက် ၅၈နှစ်အရွယ် ကုလဝန်ထမ်း အမျိုးသမီးထံကနေ COVID -19 ရောဂါပိုးတွေ့ရှိကြောင်း မတ်လ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံးကြီး၌ဆေးကုသမှု ခံယူနေသည့် အဆိုပါအမျိုးသမီးထံတွင်လတ်တလော စမ်းသပ်ချက်အရ ရောဂါပိုးမတွေ့ရှိရတော့ကြောင်း ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးကပြောကြားသည်။ “ဒီရက်ပိုင်းမှာ စမ်းသပ်ချက်အရ သူဟာ Negative ဖြစ်သွားတယ်။ ဒါပေမယ့် ကျန်းမာရေးဝန်ကြီးဌာနရဲ့လိုအပ်ချက်အရ နောက်ထပ်သူ့ကိုစောင့်ကြည့်နေတယ်။ အကြိမ်ကြိမ်တော့ ထပ်ပြီးပြန်စမ်းဦးမှာပေ့ါ။ ပြန်စမ်းလို့ နောက်ဆုံး Negative ဖြစ်သွားပြီဆိုရင် ကျွန်တော်တို့ဆီမှာ နိုင်ငံခြားက ပြန်လာတဲ့လူတောင်မှပဲ Positive မရှိတော့ဘူးလို့ပြောလို့ရတယ်” နေပြည်တော်ကောင်စီ၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး က ပြောသည်။ မတ်လ ၆ ရက်နေ့က နေပြည်တော်စည်ပင်ဘဏ်၌ မီဒီယာများ၏ မေးမြန်းမှုအပေါ် ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရိုက်ကူး/တည်းဖြတ်- အောင်မြတ်သူ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required