အပျော်မယ်တွေ အိမ်ခေါ်ပြီး ပါတီလုပ်ခဲ့တဲ့ ဝေါ်လ်ကာ ဆိုရှယ်မီဒီယာမှာ နာမည်ကြီးနေ

အပျော်မယ်တွေ အိမ်ခေါ်ပြီး ပါတီလုပ်ခဲ့တဲ့ ဝေါ်လ်ကာ ဆိုရှယ်မီဒီယာမှာ နာမည်ကြီးနေ

အင်္ဂလန်အသင်းနဲ့ မန်စီးတီးအသင်းရဲ့နောက်ခံလူ ကိုင်လီဝေါ်လ်ကာကတော့ ပရိသတ်တွေအနေနဲ့ COVID-19 ရန်ကို ကာကွယ်ဖို့အတွက် နေအိမ်မှာပဲနေဖို့ တိုက်တွန်းလိုက်ပြီး နောက်တစ်နေ့မှာပဲ အပျော်မယ်လေးတွေ အိမ်ခေါ်ကာ ပါတီလုပ်ခဲ့လို့ ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံနေရပါတယ်။

The Sun ရဲ့ ဖော်ပြချက်အရ ဝေါ်လ်ကာဟာ အသက် (၂၁)နှစ်အရွယ် နာမာရာနဲ့ အသက်(၂၄)နှစ်အရွယ် ဘရာဇီးသူလေးနှစ်ယောက်ကို သူ့ရဲ့တိုက်ခန်းစီ ခေါ်ခဲ့ပြီး သူငယ်ချင်းတွေနဲ့အတူ ပါတီပွဲ လုပ်ခဲ့ကြတယ်လို့ ပါရှိပါတယ်။

ဝေါ်လ်ကာဟာ သူနဲ့ ကာလရှည်တွဲခဲ့တဲ့ ချစ်သူဖြစ်တဲ့ အန်နီနဲ့ ဒီနှစ်အစောပိုင်းမှာ လမ်းခွဲလိုက်ပြီးတဲ့နောက် နောက်ထပ် ဘယ်သူနဲ့မှ အတည်တကျ တွဲတယ်ဆိုတဲ့ သတင်းတွေ ထွက်မလာသေးပါဘူး။

ဝေါ်လ်ကာဟာ ဝင်ငွေကောင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်ပေမယ့် သန်းချီတဲ့ နေအိမ်မျိုးတွေ ဝယ်ယူမနေပဲ တစ်လကို ပေါင် ၈၀၀၀ သာ ပေးရတဲ့ တိုက်ခန်းတစ်ခန်း ငှားနေခဲ့တာပါ။

ချက်ရှိုင်းယားပြည်နယ်ထဲမှာရှိတဲ့ အဲဒီ တိုက်ခန်းမှာ ဝေါ်လ်ကာနဲ့ အပေါင်းအသင်းတစ်စုဟာ လိင်ကိစ္စပျော်ပါးဖို့အတွက် ကောင်မလေးနှစ်ယောက်ကို ခေါ်ယူခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ ကြာသပတေးည (၁ဝၚ:၃၀) လောက်မှာ ကောင်မလေးတွေ ရောက်ရှိလာခဲ့ကြတယ်လို့ သိရပါတယ်။

သူတို့ရဲ့ ပါတီက ၃ နာရီလောက်သာ ကြာပြီး မိန်းကလေးတွေဟာ အတွင်းခံအဝတ်အစားတွေနဲ့ ဖျော်ဖြေခဲ့ကြရတာဖြစ်တယ်လို့ အဲဒီပါတီကို ခေါ်ယူခြင်းခံရတဲ့ နာမာရာက ဆိုပါတယ်။

နာမာရာ က အချိန်ပိုင်း အပျော်မယ်အဖြစ် လုပ်ကိုင်နေတယ်ဆိုပေမယ့် သူက မန်ချက်စတာတက္ကသိုလ်မှာ မှုခင်းဆိုင်ရာ ဘာသာရပ်ကို တက်ရောက်သင်ကြားနေသူဖြစ်ပြီး သူ့ရဲ့အေဂျင်စီက မန်ချက်စတာမှာ အခြေစိုက်ပါတယ်။ သူ့ဆီမှာ ဒိတ်ဒိတ်ကြဲဖောက်သည်တွေ တန်းစီနေပြီး ဘောလုံးသမားတွေ၊ သရုပ်ဆောင်တွေအပြင် အခြား အောင်မြင်တဲ့သူအချို့ကပါ သူမကို ခေါ်ဖို့ ကမ်းလှမ်းကြတယ်လို့ The Sun က ဖော်ပြပါတယ်။

ဝေါ်လ်ကာနဲ့ အပေါင်းအသင်းတွေဟာ အဲဒီ မိန်းကလေးတွေကိုခေါ်ယူဖို့အတွက် ပေါင်(၂၂၀၀)လောက် အသုံးပြုခဲ့ရပြီး မိန်းကလေးတွေက ည ၂ နာရီလောက်မှာ အခန်းကနေ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။

ဗြိတိန်နိုင်ငံတစ်ဝှမ်းမှာ Covid-19 ကြောင့် သေဆုံးသူ ၄၀၀၀ ကျော်ရှိနေပြီး ရောဂါကူးစက်ခံရသူပေါင်း ၄၀၀၀၀ ကျော် ရှိနေချိန်မှာ ဝေါ်လ်ကာအနေနဲ့ ဒီလို ပျော်ပါးဖို့ စီစဉ်တာမျိုး မလုပ်သင့်ဘူးလို့ ပရိသတ်တွေကတော့ ဝေဖန်နေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly