COVID -19 ကာကွယ်နိုင်ရန် အတွက် ပိုးသတ်ဆေး ဖြန်းစက် မြိတ်ဒေသခံ ကိုကိုင်ဇာက တီထွင်

COVID -19 ကာကွယ်နိုင်ရန် အတွက် ပိုးသတ်ဆေး ဖြန်းစက် မြိတ်ဒေသခံ ကိုကိုင်ဇာက တီထွင်
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ ဧပြီ (၆)

ကိုရိုနာဗိုင်းရပ်စ် (COVID -19) အဆုတ်ရောင် ရောဂါအား ထိန်းချုပ် ကာကွယ် နိုင်ရန် အတွက် မြိတ်ဒေသခံ တစ်ဦးဖြစ်တဲ့ ကိုကိုင်ဇာက ပထမ အဦးဆုံး စောင့်ကြည့်/ သံသယ လူနာများအား အခမဲ့ ကူညီ တင်/ပို့ ပေးရေး အရေးပေါ် အထောက် အကူပြု ယာဉ် တစ်စီးကို စတင် တီထွင် လိုက်ပြီး နောက် ထပ်မံ၍ လူတစ်ကိုယ်လုံး ပိုးသတ်ဆေး ဖြန်းနိုင်သည့် စက်ကိရိယာ တစ်ခုကို တီထွင် လိုက်ကြောင်း သိရ သည်။

ယင်း ပိုးသတ်ဆေးဖြန်း စက်ကိရိယာကို  မြိတ်မြို့မှာ လူဝင်/ ထွက်များ သည့် နေရာများတွင် အခမဲ့ လှူပေးရန် အတွက် တီထွင်ခဲ့ရာမှ လက်ရှိမှာ မြန်မာနိုင်ငံ မြို့ကြီး တချို့က ကျန်မာရေး ပရဟိတအဖွဲ့စည်းများ၊ စက်ရုံ/ အလုပ်ရုံနှင့် စားသောက်ဆိုင်များက ဝယ်ယူ အမှာများ လာတာကြောင့် ၎င်း စက်အား ထပ်မံ ထုတ်လုပ်ရန် စက်ပစ္စည်း ကုန်ကြမ်းတွေ ပြတ်လပ် နေသည်ဟု သိရ သည်။

ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

တီထွင်သူ မြိတ်ဒေသခံ ကိုကိုင်ဇာက“ဒီ ပိုးသတ်ဆေး ဖြန်းနိုင်တဲ့ စက်ကို အများသူငှာ လူတိုင်း အသုံးပြု နိုင်အောင် ဆိုပြီး တီထွင်ခဲ့တာ ဖြစ်တယ်၊ ဒါပေမယ့် အသုံးပြုတဲ့ ပိုင်းမှာ ပြဿနာ တချို့တော့ ရှိပါတယ်၊ ဒါကိုလည်း စက်ကိုပဲ ကျွန်တော်က တီထွင်ခဲ့ တာပါ၊ အမှန်တကယ် ပိုးသတ်ဆေးကို သက်ဆိုင်ရာ ဆရာဝန်တွေရဲ့ ခွင့်ပြုချက်ကို တောင်းခံပြီးမှ အသုံးပြုဖို့ လိုတယ်”ဟု ပြောဆို သည်။

အဆိုပါ စက်ကို ဈေးကွက်ထဲမှာ အမှာယူသူတွေ များနေပြီး၊ အများအပြား ထုတ်လုပ်နိုင်ရန် အတွက် အဓီက ကုန်းကြမ်းများ ဖြစ်သည့် Automatic Photo Sensor နှင့် နော်စယ် ပိုက်ခေါင်းများ ဝယ်ယူဖို့ မရှိကြောင်း သိရ သည်။

ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

“ဟုတ်ပါတယ်၊ ဒီစက်နဲ့ ပတ်သက်ပြီး၊ ဝေဖန်မှု တချို့တော့ ရှိပါတယ်၊ အဲ့ဒါက ဘာလည်းဆိုတော့ ပိုးသတ်ဆေးက လူကို ဖြန်းတဲ့ အခါမှာ ဆေးက အန္တရာယ် မရှိနိုင်ဘူးလာ ဆိုတာ ပြောပါတယ်၊ မှန်ပါတယ်၊ လူကို ဖြန်းနိုင်းတဲ့ ဆေးက ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အသုံးပြုတာ သိပ်မရှိသေးပါဘူး၊ နိုင်ငံခြားမှ မှာယူမှ ရနိုင်ပါတယ်”လို့ ကိုကိုင်ဇာက ပြောကြား သည်။

၎င်းစက်ကို တစ်နေ့ကို အလုံး ၂၀ နီးပါး အထိ ထုတ်လုပ် နိုင်ပြီး၊ ဈေးကွက်ထဲမှာ တစ်လုံးကို ကျပ် သုံး သိန်းကျော်မှ လေးသိန်း နီးပါး အထိ ဖြန့်ချီ ရောင်းချ နေကြောင်း သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly