ချစ်သူအတွက် စပိန်ရဲ့ ခရီးမသွားရစည်းမျဉ်းကို ဖောက်ဖျက်ခဲ့တဲ့ ဆယ်လ်တာတိုက်စစ်မှူး

ချစ်သူအတွက် စပိန်ရဲ့ ခရီးမသွားရစည်းမျဉ်းကို ဖောက်ဖျက်ခဲ့တဲ့ ဆယ်လ်တာတိုက်စစ်မှူး
Photo: EPA

ဆယ်လ်တာဗီဂိုအသင်းရဲ့ တိုက်စစ်မှူးဖြစ်တဲ့ အသက် (၃၀)နှစ်အရွယ် စမိုလော့ဗ်ကတော့ စပိန်အစိုးရချမှတ်ထားတဲ့ Covid-19 ကာလအတွင်း ခရီးမသွားရဆိုတဲ့ အမိန့်ကို ဖောက်ဖျက်လိုက်ပါပြီ။

ရီးယဲလ်အသင်းတိုက်စစ်မှူး ဂျိုဗစ်ပြီးရင် စမိုလော့ဗ်က ဒီစည်းမျဉ်းကို ချိုးဖောက်တဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့ပြီး သူ့ချစ်သူရဲ့ မွေးနေ့ပွဲကို ပါဝင်ဆင်နွှဲဖို့အတွက် ရုရှားကို ကိုယ်ပိုင်လေယာဉ်နဲ့ ပြန်သွားခဲ့တာပါ။

ဆမိုလော့ဗ်ဟာ ရုရှားသမ္မတဟောင်း ဘောရစ်ယယ်ဆင်ရဲ့ မြေးဖြစ်သူနဲ့ စေ့စပ်ထားခဲ့တာဖြစ်ပြီး မာရီယာ ယာမာရှီဗာဆိုတဲ့ မိန်းကလေးက ဒီနှစ်မှာမှ (၁၈)နှစ် ပြည့်မှာပါ။

သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်အရတော့ ဆမိုလော့ဗ်ဟာ ဒီအခြေအနေအတွက် ရုရှားကို ပြန်ဖို့ တာဝန်ရှိသူတွေဆီကို အကြိမ်ကြိမ်ခွင့်တောင်းခဲ့ပေမယ့် အကြောင်းမပြန်ခဲ့တာကြောင့် ကိုယ့်သဘောနဲ့ကိုယ် ထွက်ခွာသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကလပ်အသင်းအနေနဲ့ ဆမိုလော့ဗ်ရဲ့ တောင်းဆိုချက်တွေကို လက်ခံရရှိခဲ့ပေမယ့်လည်း အစိုးရကိုယ်တိုင် ချမှတ်ထားတဲ့ စည်းမျဉ်းတွေဖြစ်နေတာမို့ အိမ်ပြန်ခွင့်ပေးလို့မရပဲ ဖြစ်နေခဲ့တယ်လို့ ဆယ်လ်တာဗီဂိုအသင်း တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ဆမိုလော့ဗ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ မာရီယာကို လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပြီး သူ့ဘဝအတွက် အရေးပါတဲ့သူလို့ ခံယူထားခဲ့တာပါ။

ရုရှားသတင်းစာ တစ်စောင်နဲ့ အင်တာဗျူးမှာတော့ ဆမိုလော့ဗ်က သူ့အနေနဲ့ ဘာကိုမှ စဉ်းစားထားခြင်းမရှိပဲ ဖြစ်လာသမျှကို ရင်ဆိုင်သွားမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

ဆမိုလော့ဗ်လိုမျိုး နောက်ထပ် အိမ်ပြန်သွားတဲ့ ဆယ်လ်တာဗီဂို ကစားသမားတစ်ယောက်ကတော့ ကွင်းလယ်လူ ဆစ်တိုဖြစ်ပြီး ပြီးခဲ့တဲ့ အပတ်က သူ့ရဲ့ နေအိမ်ရှိရာ ဒိန်းမတ်နိုင်ငံကို ပြန်သွားခဲ့တာပါ။

လက်ရှိအချိန်မှာ ကမ္ဘာတစ်ဝှမ်း Covid-19 ကူးစက်မှုဟာ ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး ၁၂၄,၇၃၆ ကနေ ၁၃၀,၇၅၉ ယောက်ဆီ တိုးမြှင့် ကူးစက်ခံနေရပြီ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly