တရုတ်ကလေးတစ်ယောက်ပေါ်လစီကို မတ်လအထိ လိုက်နာရမည်

တရုတ်ကလေးတစ်ယောက်ပေါ်လစီကို မတ်လအထိ လိုက်နာရမည်

တရုတ်နိုင်ငံတွင် ကလေးတစ်ဦးနှုန်း မူဝါဒအစား တစ်အိမ်ထောင် ကလေးတစ်ဦးနှုန်း ယူခွင့် ပေါ်လစီကို ပြဌာန်းလိုက်သော်လည်း အိမ်ထောင်သည်များအနေဖြင့် ကလေးတစ်ဦးယူခွင့် ပေါ်လစီကို မတ်လအထိ လိုက်နာကျင့်သုံးကြရမည်ဖြစ်ကြောင်း တရုတ်ထိပ်တန်းမိသားစုစီမံကိန်းရေးဆွဲရေးအဖွဲ့က ပြောသည်။

အောက်တိုဘာ ၂၉ ရက်က တရုတ်အစိုးရက တစ်အိမ်ထောင်လျှင် ကလေးတစ်ဦးနှုန်းကို ဖြေလျှော့ပေးပြီး တစ်အိမ်ထောင် ကလေးနှစ်ဦးနှုန်း ယူခွင့်ကို ကြေညာခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးရေးအတွက် အထောက်အပံ့ဖြစ်ရန် သက်ကြီးရွယ်အိုဦးရေနှုန်း ကြီးထွားလာမှုကို လျှော့ချရန်အတွက် ယင်းပေါ်လစီကို ပြင်ဆင်ကာ ကလေးနှစ်ဦးနှုန်း ယူခွင့်ကို ပြဌာန်းခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။

သို့သော် ယင်းဥပဒေ သက်ဝင်ပြောင်းလဲခြင်းမရှိသည့်တိုင်အောင် ကလေးတစ်ဦးနှုန်း ယူရမည့် ပေါ်လစီက သက်ရောက်ကာ ဆက်လက်ကျင့်သုံးနေကြမည့် အရေးအတွက်လည်း တာဝန်ရှိသူများက ပူပန်နေကြလျက်ရှိသည်။

တရုတ်နိုင်ငံက အဆိုပါ အငြင်းပွားစရာ ကလေးတစ်ဦးမူဝါဒကို ၁၉၇၉ ခုနှစ်က စတင်ကာ ပြဌာန်းကျင့်သုံးခဲ့ခြင်းဖြစ်သည်။ လူဦးရေတိုးပွားနှုန်းကို လျှော့ချရန်အတွက် ယင်းမူဝါဒကို စတင်ပြဌာန်းခဲ့ချိန်မှစကာ ကလေးမွေးဖွားမှု သန်း ၄၀၀ ကို တားဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly