မကြာခင်တွင် ဖခင်တစ်ဦး ဖြစ်လာချင်ကြောင်း ကိုရီးယားမင်းသား Song Seung Heon ပြော

မကြာခင်တွင် ဖခင်တစ်ဦး ဖြစ်လာချင်ကြောင်း ကိုရီးယားမင်းသား Song Seung Heon ပြော

ကိုရီးယား သရုပ်ဆောင် Song Seung Heon က မကြာမီတွင် ဖခင်တစ်ဦး ဖြစ်လာချင် ကြောင်း ပြောခဲ့သည်။ အသက် ၃၉ နှစ်အရွယ် ရုပ်ရှင်ကြယ်ပွင့်သည် Taipei တွင် အောက်တို ဘာလ ၃၁ ရက်နေ့က ပြုလုပ်ခဲ့သော ပရိသတ်များနှင့် တွေ့ဆုံပွဲတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်ကြောင်း My Daily သတင်းစာက ဆိုသည်။

“မကြာခင်မှာ ကျွန်တော် အရမ်းကောင်းမွန်တဲ့ ဖခင်တစ်ဦး ဖြစ်လာချင်ပါတယ်” ဟု Song က ဆိုခဲ့သည်။ သို့ရာတွင် သူသည် လက်ထပ်မည့် အစီအစဉ်နှင့် အနာဂတ် အစီအစဉ်များကို မကြေညာရ သေးပေ။
လတ်တလောတွင် Song သည် အသက် ၂၈ နှစ်အရွယ် တရုတ်မင်းသမီး Liu Yifei နှင့် တွဲလျက်ရှိပြီး သူတို့နှစ်ဦးမှာ “The Third Way of Love” ရုပ်ရှင်ရိုက်ကွင်းတွင် စတွေ့ခဲ့ကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly