ကော့သောင်းမှ သံသယလူနာနှစ်ဦးတွင် ပိုးမတွေ့

ကော့သောင်း၊ ဧပြီ (၅)

ကော့သောင်းတွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) သံသယ လူနာ နှစ်ဦးမှာ ဓါတ်ခွဲ နမူနာ စစ်ဆေးချက် အရ ပိုးမတွေ့ရှိရ ကြောင်း ဆေးရုံအုပ် ဒေါက်တာ ခင်ဇော်ထံမှ သိရ သည်။

ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

အဆိုပါ နှစ်ဦးမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ ပြန်လည် ရောက်ရှိ လာသော အမျိုးသမီး တစ်ဦးနှင့် ခင်ပွန်း ဖြစ်သူကို စောင့်ကြည့်လျက် ရှိရာ ခင်ပွန်းဖြစ်သူ အသက် ၄၀ အရွယ် အမျိုးသား သည်၊ ဧပြီလ ၃ ရက်နေ့က ဆေးရုံ အရောက်တွင် ဆေးကုသမှု ခံယူနေရာမှ သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

ကော့သောင်းမြို့ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ် ဒေါက်တာ ခင်ဇော်က“သံသယ လူနာ နှစ်ဦးက ဧပြီလ ၄ ရက်နေက ဓါတ်ခွဲ အဖြေ အရ ပိုးမတွေ့ရပါဘူး၊  Negative ဖြစ်ပါတယ်”ဟု ပြောဆို သည်။

ကော့သောင်းမြို့နယ်တွင် မြို့ပေါ်နှင့် ကျေးလက်တို့တွင် Facility Quarantine စင်တာ စုစုပေါင်း ၁၁ ခုရှိပြီး၊ ယင်း စခန်းများတွင် စောင့်ကြည့် ဦးရေ ၃၀၀ ကျော်ရှိကြောင်း သိရ သည်။

တနင်္သာရီတိုင်းဒေသကြီး အတွင်း မတ်လ ၂၅ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့ အထိ ကိုရိုနာဗိုင်းရပ်စ် ပိုးရှိ/မရှိ လူနာ ၈ ဦး၏ နမူနာများကို ဓာတ်ခွဲ စစ်ဆေးရာ ၈ ဦးလုံးတွင် ပိုးမတွေ့ အဖြေထွက်ခဲ့ကြောင်း သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly