Shake It Off သီချင်းသည် တစ်ခြားအဆိုတော်၏ သီချင်းမှ စာသားများကို ခိုးယူဟု စွပ်စွဲခံရတဲ့ တေလာဆွဇ်

Shake It Off သီချင်းသည် တစ်ခြားအဆိုတော်၏ သီချင်းမှ စာသားများကို ခိုးယူဟု စွပ်စွဲခံရတဲ့ တေလာဆွဇ်

ပေါ့ကြယ်ပွင့် တေလာဆွဇ်သည်  ၂၀၁၄ ခုနှစ်က အောင်မြင်မှုရရှိခဲ့သော ၎င်း၏ တေးသီချင်း Shake It Off ၏ သီချင်းစားသားများသည် ခိုးယူထားသော စားသားများ ဖြစ်သည့်အတွက် လျော် ကြေးငွေ အမေရိကန်ဒေါ်လာ ၄၂ သန်း ပေးဆောင်ရန် တရားစွဲဆိုခြင်း ခံထားရသည်။

အမေရိကန် R&B အဆိုတော် ဂျက်ဆီဘာဟမ်က ဆွဇ်သည် ၂၀၁၃ ခုနှစ်က ၎င်းရေးသားခဲ့ သော Haters Gone Hate တေးသီချင်းမှ စာသားများကို ခိုးယူခဲ့သည်ဟု တရားရုံးသို့ တိုင်တန်းထားသော စာတွင် ပြောကြားထားသည်။

ထို့အပြင် ဂျက်ဆီဘာဟမ်သည် လျော်ကြေးငွေအပြင် တေးသီချင်းတွင် ၎င်း၏ နာမည်ကို သီချင်းရေးသူအဖြစ် ထည့်သွင်း ဖော်ပြစေလိုကြောင်း ပြောကြားထားသည်။ ဆွဇ်၏ ကိုယ်စားလှယ် များက ယင်းကိစ္စနှင့်စပ်လျဉ်း၍ တရားဝင် ထင်မြင်ချက်များ ယခုအချိန်ထိ ပြောကြားခြင်း မရှိသေးပေ။

Shake It Off တေးသီချင်းသည် ကမ္ဘာတစ်ဝှမ်းရှိ တေးသီချင်း ဇယားများတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့ပြီး ဗြိတိန်တွင် နံပါတ်နှစ်နေရာ ရပ်တည်ခဲ့ကြောင်းနှင့် You Tube တွင် ကြည့်ရှုသူ ၁ ဒသမ ၁ ဘီလျံကျော် ရှိခဲ့သည်။

ဘာဟမ်က ဆွဇ်၏ တေးသီချင်း သံပြိုင်အပိုဒ်တွင် ပါဝင်သော “ haters gone hate”  နှင့် “ plays gone play” စာသားများသည် ၎င်း၏ မူပိုင်ခွင့် တင်ထားသော စာသားများဖြစ်ကြောင်း ပြောကြားထား သည်။

ဘာဟမ်၏  တေးသီချင်း သံပြိုင်အပိုဒ်ကို “ Haters gone hater , playas gone play / Wacth out for them fakers, they’ll fake you everyday” စာသားမျာဖြင့် ရေးဖွဲ့ထားသည်။  သို့သော်လည်း  တေးသီချင်းစာသားမျာသည် တူညီခြင်းမှလွဲ၍ တေးဂီတပုံစံသည် ဆင်တူခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly