COVID-19 ကာလအတွင်း ကောင်းကင်ယံမှာ ရဟတ်ယာဉ်ဖြင့် ဝဲပျံ၍ ကင်းလှည့်ပေးနေသည့် ပြင်သစ်ရဲများ

COVID-19 ကာလအတွင်း ကောင်းကင်ယံမှာ ရဟတ်ယာဉ်ဖြင့် ဝဲပျံ၍ ကင်းလှည့်ပေးနေသည့် ပြင်သစ်ရဲများ

ဧပြီ ၅

ပြင်သစ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ဖြစ်ပွားချိန်ကာလအတွင်း ရဲတပ်ဖွဲ့ဝင်တွေကတော့ ကောင်းကင်ယံထက်မှာ ရဟတ်ယာဉ်နဲ့ ပျံသန်းရင်း မြေပြင်က ယာဉ်သွားလမ်းတွေကို ကင်းလှည့်စောင့်ကြည့်ပေးလျက် ရှိပါတယ်။

ပြင်သစ်ရဲတပ်ဖွဲ့ရဲ့ ရဲအရာရှိကြီးတစ်ဦးဖြစ်တဲ့ ဒုရဲမှူး ဆယ်လ်ဗိန်း ဂွေလ်ဟွန်းကတော့ နိုင်ငံအနောက်တောင်ပိုင်းက မြို့တွင်းလမ်းမကြီးတွေ၊ အမြန်လမ်းမကြီးတွေရဲ့ အထက်ကနေ ရဟတ်ယာဉ်နဲ့ဝဲပျံပြီး ကင်းလှည့်တာဝန်ယူပေးနေသူတစ်ဦးဖြစ် ပါတယ်။

လက်ရှိကာလမှာ လမ်းမကြီးတွေမှာတော့ အသွားအလာ မရှိသလောက် ဖြစ်ရှိပြီး  မြေပြင်မှာ လုံခြုံရေးတာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေတော့ ရှိနေပါတယ်။

နိုင်ငံမှာ ကျောင်းအားလပ်ရက်ကာလ ပထမဆုံးနေ့မှာ ကန့်သတ်ထိန်းချုပ်မှုဆိုင်ရာ အစီအမံတွေ အသက်ဝင်ပြီး အာဏာသက်ရောက်မှုရှိစေဖို့ New Aquitaine ဒေသမှာတော့ ယခုသီတင်းပတ်အတွင်း ရဲတပ်ဖွဲ့ဝင် ၆,၀၀၀ ကျော်လောက်ကို တပ်ဖြန့်ချ ထားတယ်လို့ သိရပါတယ်။

“ကန့်သတ်ထိန်းချုပ်မှု အစီအမံတွေရဲ့ တစိတ်တဒေသအနေနဲ့ မြေပြင်မှာ ရှိတဲ့တပ်ဖွဲ့တွေကို ကူညီထောက်ကူပေးဖို့ ကျွန်တော်တို့ ပျံသန်းရင်း ကင်းလှည့်စောင့်ကြည့်နေပါတယ်၊ ယေဘုယျအားဖြင့်တော့ အာဏာပိုင်တွေဘက်က ချမှတ်ထားတဲ့ ကန့်သတ် ထိန်းချုပ်မှု အစီအမံတွေကိုလည်း ပြည်သူတွေဘက်က တလေးတစားနဲ့ ကောင်းကောင်းလိုက်နာကြတာကို တွေ့ရပါတယ်၊ ပြီးခဲ့တဲ့တစ်ပတ်လုံးမှာ ဒီဒေသမှာ ကျွန်တော်တို့ရဲ့ ရဲတပ်ဖွဲ့ဝင်တွေ အင်အားအပြည့် တပ်ဖြန့်ထားခဲ့ပါတယ်၊ ရဟတ်ယာဉ်က တော့ မြေပြင်က တပ်ဖွဲ့တွေကို ထောက်ကူပေးဖို့အတွက် အသုံးပြုတာဖြစ်ပါတယ်၊ ခုလို ရဟတ်ယာဉ်ပေါ်ကနေ အောက်က မြင်ကွင်းတွေကို ကောင်းကောင်း မြင်တွေ့ရတာ တကယ်ကောင်းပါတယ်၊ ဒါမှလည်း အောက်မှာ ပြဿနာတစ်ခုခု ပေါ်လာတာနဲ့ မြေပြင်တပ်ဖွဲ့တွေကို တဆင့် ပြန်လမ်းညွန်နိုင်မှာဖြစ်ပါတယ်” ဆိုပြီး ရဲအရာရှိ ဆယ်လ်ဗိန်း ဂွေလ်ဟွန်းက ပြောသွားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly