ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားချိန်မှစပြီး ကမ္ဘာမှာ အဆိုးဆုံးအဖြစ် အမေရိကန်၌ တစ်ရက်တည်း လူ ၁၅၀၀ နီးပါး သေဆုံး

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားချိန်မှစပြီး ကမ္ဘာမှာ အဆိုးဆုံးအဖြစ် အမေရိကန်၌ တစ်ရက်တည်း လူ ၁၅၀၀ နီးပါး သေဆုံး
Photo: AFP

အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါကြောင့် ကြာသပတေးနေ့နှင့် သောကြာနေ့ကြား သေဆုံးသူဦးရေသည် စံချိန်တင် ၁၅၀၀ နီးပါး ရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ဖော်ပြရာ ယင်းရောဂါကပ်ဘေး စတင်ဖြစ်ပွားချိန်မှ စကာ ကမ္ဘာပေါ်တွင် တစ်ရက်အတွင်း အများဆုံး သေဆုံးမှု ဖြစ်ခဲ့သည်။

ကြာသပတေးနေ့ ဒေသစံတော်ချိန် ည ရှစ်နာရီခွဲမှ သောကြာနေ့ ည ရှစ်နာရီခွဲအတွင်း သေဆုံးသူပေါင်း ၁၄၈၀ ဦး ရှိကြောင်း ယင်းတက္ကသိုလ်၏ ဆက်တိုက်ထုတ်ပြန်နေသော စာရင်းများအရ သိရသည်။

အမေရိကန်၌ COVID-19 စတင်ဖြစ်ပွားချိန်မှစကာ လက်ရှိအထိ စုစုပေါင်း သေဆုံးသူပေါင်းသည် ၇၄၀၆ ဦး ရှိသွားပြီး ကူးစက်ဖြစ်ပွားသူပေါင်းမှာ ၂၇၀၀၀၀ ကျော် ရှိပြီ ဖြစ်သည်။

နိုင်ငံတွင်း၌လည်း ဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်နိုင်ရေးအတွက် အများပြည်သူ နေရာများတွင် ပြည်သူအားလုံးအနေဖြင့် နှာခေါင်းစည်းများ ဝတ်ဆင်ကြရန် အကြံပေးတိုက်တွန်းထားသည်။

ပုံမှန်အသက်ရှုရာမှပင် ကူးစက်နိုင်ဖွယ် ရှိသော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုသည် တစ်ကမ္ဘာလုံးတွင် တစ်သန်း‌ကျော်ထက် မနည်း ရှိပြီး သေဆုံးသူဦးရေမှာ ၅၇၀၀၀ ကျော် ရှိနေပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly