COVID-19 ကူးစက်ခံရသူနဲ့ မေးမြန်းခြင်း

“အိပ်မက်ဆိုးကြီးတစ်ခုကို ကမ္ဘာပျက်လောက်အောင်ခံရတယ်။အိပ်လို့မရအောင် တစ်ခါမှမကြုံဖူးတဲ့ ကမ္ဘာပျက်ကြီးကို ရောက်သွားသလိုပဲ။ အိပ်မက်ဆိုးထဲမှာဆို မပြောကောင်းမဆိုကောင်း ဆုံးသွားတဲ့ မိတ်ဆွေဟောင်းတွေ ကို ပြန်တွေ့တယ် အဲ့လောက်အထိကို ဖြစ်ခဲ့ပါတယ်”

အမေရိကန်နိုင်ငံရောက် မြန်မာတစ်ဦးဖြစ်တဲ့  ဦးစိုင်းပန်ဆိုင်ဟာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံရပြီးနောက် ဒီရောဂါဆိုးကို ဘယ်လိုသက်သာပျောက်ကင်းခဲ့သလဲ၊ ဘာရောဂါလက္ခဏာတွေ ခံစားခဲ့ရသလဲ၊ ရောဂါဖြစ်နေစဉ် အတွင်းမှာ ဘယ်လိုနေထိုင်စားသောက်ခဲ့သလဲဆိုတာတွေကို Mizzima TV မှ သတင်းထောက် ဆုမြတ်မေဇော်က Skype ကနေတဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။

သတင်းထောက်။    ။ အကို့ရဲ့ နာမည်နဲ့ လက်ရှိ ဘယ်မှာနေထိုင်တယ်ဆိုတာကို မိတ်ဆက်ပေးပါရှင့်။

ဦးစိုင်းပန်ဆိုင်။        ။ ကျွန်တော် နာမည်ကတော့ စိုင်းပန်ဆိုင်ပါ။နယူးယောက်မြို့၊အမေရိကန်နိုင်ငံမှာ ရှိနေပါတယ်။

သတင်းထောက်။    ။ COVID-19 ဘယ်လိုကူးစက်ခဲ့တာလဲ ဆိုတာကို ပြောပြပေးပါဦး။

ဦးစိုင်းပန်ဆိုင်။        ။ ကူးစက်ခံရတာကတော့ ကျွန်တော်တို့က ခရီး ခဏခဏထွက်တော့ နောက်ဆုံးခရီးက ဟာဝိုင်အီနဲ့ ကနေဒါကို သွားကြတာပေါ့။အဲ့မှာ စတင်ပြီး ကူးစက်ခံရတယ်လို့တော့ ထင်ပါတယ်။

သတင်းထောက်။        ။ ဒီလိုကူးစက်ခံရတဲ့ အချိန်မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သတ်တဲ့ ဘယ်လိုလက္ခဏာမျိုးတွေ ခံစားခဲ့ရပါသလဲ။

ဦးစိုင်းပန်ဆိုင်။            ။အဲ့အချိန်မှာတော့ ကျွန်တော်က ကိုယ်ခံအား နည်းနည်းကောင်းနေတော့ သိပ်မသိသာဘူး။အမျိုးသမီးကတော့ အဖျားတက်လာတယ်။အဖျားက ၁၀၀ကျော်ထိ တက်လာတာပေါ့နော် ။ နည်းနည်းချမ်းလာတယ်။ချမ်းပြီးတော့ ခေါင်းပါ ကိုက်လာတာပေါ့နော်။ချောင်းဆိုးလားဆိုတော့ မဆိုးဘူး။နှာလည်းမစီးဘူး။ ကျွန်တော် ခံစားရတာကတော့ အဖျားအရမ်းတက်တဲ့အချိန်မှာ အရမ်းခံရပါတယ်။

သတင်းထောက်။        ။ဒီလို လက္ခဏာတွေ ပြတဲ့အချိန်မှာ ဘာတွေ ဆက်လုပ်လဲ။

ဦးစိုင်းပန်ဆိုင်။            ။ပထမဆုံး မိသားစုဆရာဝန်ကို ဖုန်းဆက်ပြီး အခြေအနေကို ရှင်းပြတယ်။ဘယ်ကနေ ဘယ်လို စဖြစ်တာလဲအထိ ခရီးသွားရာဇဝင်တွေ ပြောပြတယ်။နောက်ဆရာဝန်က ဒီလိုဖြစ်မယ်ဆိုရင်တော့ အသက်ရှုကြပ်မယ်။ အဖျားတက်မယ် ရှင်းပြတယ်။အဲ့ကျတော့ အဖျားတက်လာရင်အရေးပေါ် ဆေးရုံသာသွားပါဆိုလို့ Emergency ကိုပဲ သွားလိုက်ပါတယ်။

သတင်းထောက်။        ။ဒီဗိုင်းရပ်စ် မကူးစက်ခင်ကကော ကိုရိုနာဗိုင်းရပ်စ်မကူးစက်အောင် ကြိုတင်ဆောင်ရွက်တာမျိုး ရှိလား။

ဦးစိုင်းပန်ဆိုင်။            ။ဗြုန်းဒိုင်းဆိုတော့ ကျွန်တော်တို့လည်း ရှောခ်ဖြစ်တာပေါ့ ။အဲ့ဒီမဖြစ်ခင်ကတည်းက ကျွန်တော်တို့က ကျန်းမာရေးက ညွှန်ကြားတဲ့အတိုင်း လက်ဆေးတယ်၊ ပုံမှန်ဆေးတယ်။ မျက်နှာစည်းတပ်တယ် ။ဒီလောက်ပဲ သိပ်ပြီးတော့ ထွေထွေထူးထူး မလုပ်ထားဘူး။ဒါပေမဲ့လည်း ကျွန်တော်တို့ ဘယ်လိုဘယ်နည်းနဲ့ ကူးလဲမသိဘူး။ မထင်မှတ်ဘဲ ကူးသွားတာပေါ့ ။

သတင်းထောက်။        ။ဘယ်လိုမျိုး ကုသခဲ့ရလဲ ။

ဦးစိုင်းပန်ဆိုင်။            ။ကျွန်တော်အမျိုးသမီးကတော့ ဆေးရုံသွားတယ်ဆိုတော့ သူတို့ကပဲ ကုပေးတယ်။ကျွန်တော်ကတော့ ဒီမှာပဲ l။အမျိုးသမီးဆေးရုံတက်ကတည်းက အခုထိ သူ့ကိုမတွေ့ရသေးဘူး။ကျွန်တော်ကေတာ့ COVID-19 Positive ဖြစ်ကတည်းက ဆရာဝန်ဆီ ဖုန်းဆက်တယ်။ဘာလုပ်ရမလဲဆိုတာ ဆရာဝန်ကတော့ အဖျားပါရှိနေတော့ အဖျားကျဆေးပေးတယ်။ဗိုင်းရပ်စ်တိုက်ဖျက်တဲ့ ဆေးပါပေးတယ်။အဲ့ဆေးနှစ်မျိုးသောက်ပြီးတော့ ငါးရက်အတွင်းမှာ ကျွန်တော်က အဖျားသိသိသာသာကျသွားတာပေါ့။ ဆရာယန်ပေးတဲ့ဆေးက Affect ဖြစ်တာပေါ့။အခုထက်ထိပဲ အဖျားလုံးဝမရှိဘူး။ခေါင်းကိုက်နှာစီး လုံးမရွိဘူး ။

သတင်းထောက်။        ။ရောဂါဝေဒနာခံစားနေရတဲ့အချိန်အတွင်း ဆရာဝန်က ဘာတွေ ညွှန်ကြားသလဲ။ ဘာတွေလုပ်ဆောင်ခဲ့သလဲ။

ဦးစိုင်းပန်ဆိုင်။            ။ရောဂါဖြစ်နေတဲ့အချိန်မှာ ကိုယ့်ဟာကို သိးသန့်နေဖို့ ၊ လက်ခဏခဏဆေးဖို့၊ Mask တပ်ဖို့ တခြားသူတွေကို ရောဂါပိုးမကူးစက်အောင်ပေါ့နော်။သူပေးတဲ့ဆေးကို ဘယ်လိုသောက်ရမယ်၊ မှန်မှန်သောက်ဖို့ပေါ့နော်။ အဲ့တာကြောင်လားတော့မသိဘူး။အခုအိမ်သားတွေလည်း လုံးဝမကူးဘူး။ သူတို့လည်း ဘာမှမဖြစ်ဘူး။ကျွန်တော်လည်း ရောဂါပျောက်တယ်။

သတင်းထောက်။        ။ဆရာဝန်က ဘယ်လိုဆေးဝါးတွေ ညွှန်ကြားခဲ့တယ်ဆိုတာကို သိသလောက်ရှင်းပြပေးပါ။

ဦးစိုင်းပန်ဆိုင်။            ။ကျွန်တော့်ကိုပေးတာကတော့ Antibiotics ဆေးပေးတယ်။နောက်တခုက ငှက်ဖျားဆေးပေါ့နော် ။ဗမာလိုမှာတော့ အဲ့ဟာတွေပေးတယ်။ကျန်တာကတော့ အဖျားအရမ်းတက်ရင် သောက်ဖို့ဆေးတွေပေးတယ်။အဖျားကျေဆေးလေးနာရီခြားတစ်ခါ သောက်ခိုင်းတယ်။

သတင်းထောက်။        ။အစားအသောက်ပိုင်းမှာကော ဘယ်လိုပုံစံ စားသောက်လဲ။

ဦးစိုင်းပန်ဆိုင်။            ။ကျွန်တော်ကတော့ အစားသောက်မရွေးဘူးခင်ဗျ၊။အားလုံးစားတယ်။ဥပမာဆိုရင် တို့စရာလေးနဲ့ ငပိရည်လေးဆိုရင်လည်း စားတယ်။ဘာမှ ထူးထူးခြားခြားမရှိဘူး။အသား၊ငါး ဆိုလည်း မဆိုးဘူးပေါ့။စားမြိန်တာလေးတွေပေါ့။

သတင်းထောက်။        ။ရောဂါဖြစ်နေတဲ့အချိန်မှာ ဘယ်လိုခံစားရလဲ

ဦးစိုင်းပန်ဆိုင်။            ။ခံစားရတာကတော့ အဖျားအရမ်းတက်တဲ့အချိန်မှာ အရမ်းခံရပါတယ်။နောက်အိပ်မက်ဆိုးကြီးတစ်ခုကို ကမ္ဘာပျက်လောက်အောင် ခံရတယ်။အိပ်လို့မရအောင် တစ်ခါမှမကြုံဖူးတဲ့ ကမ္ဘာပျက်ကြီးကို ရောက်သွားသလိုပဲ။အိပ်မက်ဆိုးထဲမှာဆို မပြောကောင်းမဆိုကောင်း ဆုံးသွားတဲ့ မိတ်ဆွေဟောင်းတွေကို ပြန်တွေ့တယ် အဲ့လောက်အထိကို ဖြစ်ခဲ့ပါတယ်။

သတင်းထောက်။        ။သက်သာပျောက်ကင်းတော့ကော ဘယ်လောက်အထိ ဝမ်းသာလဲ။

ဦးစိုင်းပန်ဆိုင်။            ။ဒါက ကျွန်တော်ရဲ့ ဒုတိယအခွင့်အရေးလေ။ ဒုတိယရှင်သန် ထမြောက်ခြင်းပဲပေါ့။သေမင်းလက်ကေန ပြန်လည်ရှင်သန်လာသလိုပဲပေါ့။အရမ်းကို ဝမ်းသာပါတယ်။

သတင်းထောက်။        ။ဆေးရုံတက်နေရတဲ့ အမျိုးသမီးအခြေအနေကကော ဘယ်လိုရှိလဲ။

ဦးစိုင်းပန်ဆိုင်။            ။အမျိုးသမီးက မနေ့ကအထိတော့ အခြေအနေက ပြန်ကောင်းလာပြီ။နောက်သူသုံးနေတဲ့ အသက်ရှုစက်တွေအစား သူဟာသူပဲ ပြန်ရှုခိုင်းနေပြီ။နောက်တစ်ခုက သူအစာလည်း စားချင်နေတာပေါ့။ဒါပေမယ့် ဆရာဝန်က ပေးမစားသေးဘူး။ အရည်၊ စွပ်ပြုတ်လောက်ပဲ သောက်နိုင်သေးတယ်။ဒါပေမယ့် ဆေးအပြင်းကြောင့်လားမသိဘူး။ အားနည်းနေတာပေါ့။စကားကောင်းကောင်းမပြောနိုင်သေးဘူးဆိုတော့ အခုထိတော့ ICUမှာပဲ ရှိသေးတယ်။အခြေအနေပြန်ကောင်းလာရင်တော့ ICU ကနေ ဆင်းရမယ်လို့ ဆေးရုံက အကြောင်းကြားထားတယ်။

သတင်းထောက်။        အမျိုးသမီးရဲ့ ရောဂါအခြေအနေနဲ့ အကိုရဲ့ရောဂါအခြေအနေကကော ဘယ်လို ကွာခြားတာလဲ ။

ဦးစိုင်းပန်ဆိုင်။            ။ကျွန်တော်က ကိုယ်ခံအား နည်းနည်းကောင်းတယ်။အဲ့တာကြောင့် အဖျားရှိတဲ့အချိန်မှာ ရောဂါသိပ်မခံစားရဘူး။အဖျားအရမ်းတက်တဲ့အချိန်ကျ ကျွန်တော့်ဆရာဝန်က အရေးပေါ်သွားခိုင်းတယ်။အဲ့ရောက်တော့ စစ်ရတယ်။သွေးစစ်တာတို့ အောက်စီဂျင်စစ်တာတို့၊ ဓာတ်မှန်ရိုက်တာတို့ နှစ်နာရီလောက်ကြာတော့ အဖြေထွက်တဲ့အချိန်မှာ ဘာမှမရှိတော့ဘူးပေါ့။အိမ်ကိုြပန်ခိုင်းတယ် ။ဆေးရုံတက်စရာမလိုဘူး။ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးကိုမှန်မှန်သောက်ခိုင်းတယ်။အမျိုးသမီးကျ ခွန်အား နည်းသွားလို့လားမသိဘူး။တစ်ခါတည်းဆေးရုံတန်းရောက်သွားတယ်။

သတင်းထောက်။        ။ COVID-19 ပျောက်ကင်းထားသူတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံက ကူးစက်ခံထားရတဲ့သူတွေကိုကော ဘယ်လိုအကြံပေးချင်လဲ။

ဦးစိုင်းပန်ဆိုင်။            ။မြန်မာပြည်သူတွေအနေနဲ့ သောကသိပ်မရှိကြပါနဲ့။ကျန်းမာရေးက ပညာပေးတွေ၊ အစိုးရက ညွှန်ကြားထာတာတွေအတိုင်း သေသေချာချာ လိုက်နာပါ။ အခုလောလောဆယ်မှာတော့ ဆေးက စပေါ်နေပြီ မပေါ်တာမဟုတ်ဘူး။စမ်းသပ်အောင်ြမင်နေပြီ။ကျွန်တော်ကိုယ်တိုင်လည်း ဒီဆေးသောက်ပြီး အသက်ပြန်ရှင်လာပြီဆိုတော့ အမှောင်ထဲကနေ အလင်းတစ်ခုတွေ့သလိုပဲပေါ့။အရေးကြီးဖြစ်ခဲ့ရင် ဆေးရုံ၊ ဆေးခန်းကို တန်းသွားပါလို့ အကြံပေးချင်ပါတယ်။

သတင်းထောက်။       ။ဟုတ်ကဲ့ ။အခုလိုမျှဝေပေးတာ ကျေးဇူးတင်ပါတယ်။အကိုရော အကို့ဇနီးရော ဒီကပ်ရောဂါဆိုးကြီးကနေ အမြန်ဆုံး သက်သာပျောက်ကင်းပါစေလို့ Mizzima TV ကနေ ဆုတောင်းပေးလိုက်ပါတယ်။

ဦးစိုင်းပန်ဆိုင်။            ။ကျေးဇူးတင်ပါတယ် မြန်မာပြည်သူပြည်သားအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြင့် Covid-19 ကနေ အမြန်ဆုံးပျောက်ကင်းပါစေလို့ ဆုတောင်းပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly