သင်္ကြန် ရုံးပိတ်ရက် ကို နာရေးမှလွဲ၍ ခရီးမသွားရန် ဝန်းထမ်းများကို သမ္မတရုံး စာထုတ်

သင်္ကြန် ရုံးပိတ်ရက် ကို နာရေးမှလွဲ၍ ခရီးမသွားရန် ဝန်းထမ်းများကို သမ္မတရုံး စာထုတ်
နေပြည်တော် မြို့မစျေးတွင် COVID-19 ပညာပေးလုပ်နေစဉ် ။ ဓာတ်ပုံ-သန်းထိုက်အောင်

နေပြည်တော်၊ ဧပြီ ၄

သင်္ကြန် ရုံးပိတ်ရက် တွင် ဝန်းထမ်းများအနေဖြင့် နာရေးကိစ္စမှ လွဲ၍ ခရီးသွားလာမှု မပြုလုပ်စေရေးအတွက် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည့်နယ်အစိုးရတို့က ကြပ်မတ်ပေးရန် နိုင်ငံတော်သမ္မတရုံးက စာထုတ်၍ တားမြစ်ခဲ့သည်။

အဆိုပါစာကို သမ္မတရုံးအတွင်းဝန် ဦးခင်လတ်က လက်မှတ်ရေးထိုးပြီး ဧပြီလ ၄ရက်နေ့နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ သင်္ကြန်ရုံးပိတ်ရက်ကာလ နေရပ်ပြန်သည့် ဝန်ထမ်းများကို ရောဂါပိုး ကူးစက်နိုင်သဖြင့် ယခုကဲ့သို့ ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရုံးပိတ်ရက် ကုန်ဆုံးသည့်အခါ ပြန်လည်တာဝန်ထမ်းဆောင်စဉ် ရာဂါပိုးကူးစက်ခံရသည့် ဝန်ထမ်းမှ အခြားဝန်ထမ်းများကို ကူးဆက်ပါက ရုံးလုပ်ငန်းရပ်ဆိုင်းနိုင်သည့်အခြေအနေဖြစ်၍ ယခုကဲ့သို့ တားမြစ်ရကြောင်းနှင့် အစားထိုးရုံးပိတ်ရက်ကို COVID-19 ကင်းစင်သည့်အချိန်တွင် ဝန်ထမ်းများ တဝ်ဝက်ဆင်းတစ်ဝက်နားဖြင့် ပြန်ပေးမည်ဟု သမ္မတရုံးက ဝန်ထမ်းများကို အသိပေးခဲ့သည်။.

အဆိုပါထုတ်ပြန်ချက်မှာ မှန်ကန်ကြောင်းနှင့် ပေါက်ခေါင်းမြို့နယ် ထွေအုပ်ဝန်ထမ်းသည် ရောဂါပိုးကူးစက်ခံခဲ့ရသည့်အတွက် ယခုအခါ ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီဌာန တစ်ခုလုံးကို Shut Down ချထားရကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သမ္မတအိမ်တော် သတင်းထောက်များကို ပြောသည်။

မြန်မာနိုင်ငံတွင် ဧပြီလ ၄ရက်နေ့ညနေအထိ ရောဂါပိုးတွေ့သူ ၂၀ဦးရှိနေပြီး အခြားရောဂါအခံရှိသူတစ်ဦးမှာ သေဆုံးခဲ့ပြီဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly