မြန်မာအမျိုးသမီးဖဲဝိုင်းကို ထိုင်းရဲက ဝင်ဖမ်း

By Manager Online
03 April 2020
မြန်မာအမျိုးသမီးဖဲဝိုင်းကို ထိုင်းရဲက ဝင်ဖမ်း
ဓာတ်ပုံ - မန်နေဂျာ အွန်လိုင်း

ထိုင်းနိုင်ငံတွင် တရားမဝင် လောင်းကစားအမှုဖြင့် မြန်မာအမျိုးသမီး ခြောက်ဦးကို အာဏာပိုင်များက ယမန်နေ့ ဖမ်းဆီးလိုက်သည်။

ထိုင်းနိုင်ငံ တောင်ပိုင်း နခေါစီထမရတ်မြို့တွင်ရှိသော ရွေ့ပြောင်း အလုပ်သမားများနေသည့်  အဆောင်တစ်ခုတွင် ဖဲဝိုင်းထောင်ပြီး ကစားနေသော မြန်မာအမျိုးသမီးများကို နယ်မြေခံရဲများက ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ထိုင်းဘာသာဖြင့် ရေးသားသော မန်နေဂျာ အွန်လိုင်း အင်တာနက် စာမျက်နှာတွင် ပါရှိသည်။

အဆိုပါ မြန်မာ အမျိုးသမီးများသည် ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်းများရှိကြသော်လည်း တရားမဝင် လောင်းကစားအမှုဖြင့် အိမ်ပိုင်ရှင်ကိုပါ ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်သွားရန်ရှိသည်ဟု သတင်းတွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly