၁၄ ရက် စောင့်ကြည့်ခြင်းသည် ရောဂါပိုးကိုသာ ကန့်သတ်ပိတ်လှောင်ခြင်းဟု နိုင်ငံတော်အတိုင်ပင်ခံပြော 

၁၄ ရက် စောင့်ကြည့်ခြင်းသည် ရောဂါပိုးကိုသာ ကန့်သတ်ပိတ်လှောင်ခြင်းဟု နိုင်ငံတော်အတိုင်ပင်ခံပြော 

နိုင်ငံခြားမှ ပြန်လည်ဝင်ရောက်လာသူများကို COVID-19 စောင့်ကြည့် စင်တာများတွင် သီတင်းပတ် နှစ်ပတ်ခန့်အကြာ စောင့်ကြည့်ခြင်းသည် လူကိုပိတ်လောင်ထားခြင်းမဟုတ်ဘဲ ရောဂါပိုးကိုသာ ကန့်သတ်လိုက်ခြင်း ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဧပြီလ ၃ ရက်နေ့ နေ့လည်ပိုင်းက နေပြည်တော် သမ္မတအိမ်တော်မှာ ကရင်ပြည်နယ် ပြည်သူများနှင့် နိုင်ငံခြားမှ ပြန်လာသူများအရေး Skype မှတဆင့် အပြန်အလှန်ဆွေးနွေးစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ‘သူတို့ နားလည်အောင် ပြောဖို့ဟာက သူတို့ကိုချုပ်နှောင်တာ မဟုတ်ဘူး။ ရောဂါကိုပဲ ချုပ်နှောင်တာပါ ဆိုပြီးတော့ အဲဒါကို ပညာပေးတစ်ခုအနေနဲ့ လုပ်စေချင်ပါတယ်။ ဒီလို Quarantine ထားတယ်ဆိုတာ လူတွေကို ချုပ်နှောင်တာ မဟုတ်ပါဘူး။ ရောဂါပိုးကိုပဲ ချုပ်နှောင်တာပါ။ ဒီရောဂါပိုးက ပါနေပြီဆိုလိုရှိရင် အဲဒီ Quarantine မှာ သိပြီဆိုလို့ရှိရင် တခြားလူတွေကို မပြန်ပွား‌အောင် နောက်ပြီးတော့ ဒီကာယကံရှင်ရဲ့ မိသားစုဝင်တွေဆီ မသိလို့ သယ်သွားတယ် အထင်မျိုး မဖြစ်အောင်ပေါ့နော် အဲဒါကိုတော့ သေသေချာချာ နားလည်ဖို့ လိုပါတယ်။’ဟုပြောသည်။

ထိုင်းနိုင်ငံတွင် COVID-19 စတင်တွေ့ရှိချိန်က စပြီး ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများသည် ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့မှ တဆင့် မြန်မာနိုင်ငံသို့ နေ့စဉ် အလုပ်သမားပေါင်း ရာချီ ဝင်ရောက်လာကြခြင်း ဖြစ်သည်။

ထိုသို့ဝင်ရောက်လာသူအများစုသည် မိမိနေအိမ်သို့သာ ပြန်လိုကြပြီး စောင့်ကြည့်စင်တာများတွင် စောင့်ကြည့်ခံရမည်ကို စိုးရိမ်မှုများ ရှိနေကြကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူ ဦးအောင်မြတ္က နိုင်ငံတော် အတိုင်ပင်ခံကို တင်ပြခဲ့ခြင်း ဖြစ်သည်။

‘ထိုင်းဖက်က ပြန်လာတဲ့ အလုပ်သမားတွေမှာ အကြီးမားဆုံး စိန်ခေါ်မှုဟာ သူတို့နေရပ်ကိ ပြန်ကြတဲ့အချိန်မှာ လိုအပ်တာက အိမ်ကိုတန်းပြန်ချင်ကြတယ်။ ကြားမှာမနေချင်ကြဘူး။ အဲဒါကြောင့် ရောဂါဖြစ်မယ် မဖြစ်ဘူးဆိုတာ ဒီအပေါ်မှာလည်း စိုးရိမ်မှု ရှိကြပါတယ်။’ ဟု ဦးအောင်မြတ္က ပြောသည်။

Quarantine (စောင့်ကြည့်ခံရခြင်း) ကို သေချာနားလည်အောင် အသိပညာပေး ရှင်းပြရန် လိုအပ်ကြောင်းလည်း နိုင်ငံတော်အတိုင်ပင်ခံက ပြောသည်။

COVID-19 ကူးစက်မြန် ကပ်ရောဂါကို ကမ္ဘာ့နိုင်ငံတစ်ဝန်းမှာ ကူးစက်ခံရသူပေါင်း လူ တစ္သန်းခန့် ရှိနေပြီး သေဆုံးသူပေါင်း ငါးသောင်းကျော်နေပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့အတည်ပြုလူနာ ၂၀ ဦး ရှိနေပြီး တစ်ဦးသေဆုံးသွားပြီ ဖြစ်သည်။

ယင်းကြောင့် မြန်မာနိုင်ငံတွင် COVID-19 ရောဂါကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေပြီး သံသယနဲ့ စောင့်ကြည့်လူနာများကို ထားရှိမည့် စောင့်ကြည့်စင်တာများကိုလည်း တိုးချဲ့ပြင်ဆင်လာကြသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly