အင်ဒိုနီးရှားတွင် COVID-19 စိုးရိမ်မှုကြောင့် အကျဉ်းထောင်များမှ အကျဉ်းသား ၁၈၀၀၀ နီးပါးကို ပြန်လွှတ်

အင်ဒိုနီးရှားတွင် COVID-19 စိုးရိမ်မှုကြောင့် အကျဉ်းထောင်များမှ အကျဉ်းသား ၁၈၀၀၀ နီးပါးကို ပြန်လွှတ်
Photo: AFP

အင်ဒိုနီးရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု ရပ်တန့်ရေးအတွက် နာမည်ဆိုးဖြင့် ကျော်ကြားသော လူပြည့်ကျပ်သည့် အကျဉ်းထောင်များမှ အကျဉ်းသား ၁၈၀၀၀ နီးပါးကို ပြန်လွှတ်ခဲ့ကြောင်း အာဏာပိုင်များက ဧပြီ ၂ ရက်တွင် ပြောသည်။

ကျန်းမာရေးနှင့် မညီညွတ်သော အခြေအနေနှင့် ကူးစက်ရောဂါအန္တရာယ်တို့ ပြည့်နှက်နေသည့် အကျဉ်းထောင်နှင့် အချုပ်ခန်းများတွင် ဘေးအန္တရာယ်များ လျှော့ချနိုင်ရေးအတွက် အကျဉ်းသား ၃၀၀၀၀ ကျော်ကို ပြန်လွှတ်ပေးမည်ဟု အရှေ့တောင်အာရှ အင်ဒိုနီးရှားနိုင်ငံက ပြောထားပြီး ရက်ပိုင်းအတွင်း ယခုကဲ့သို့ အကျဉ်းသား များစွာကို ပြန်လွှတ်ပေးလာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က အာဖဂန်နစ္စတန်နိုင်ငံသည် အကျဉ်းသား ၁၀၀၀၀ ကို ပြန်လွှတ်ပေးမည်ဟု ကြေညာခြင်းနှင့်အတူ ကုလသမဂ္ဂက ခုခံနိုင်စွမ်း နည်းပါးသော အကျဉ်းသားများကို ပြန်လွှတ်ကြရန် နိုင်ငံများအား တိုက်တွန်းခဲ့သည်။

“ကျွန်မတို့ စုစုပေါင်း အကျဉ်းသား ၃၀၀၀၀ ကို ပြန်လွှတ်ဖို့ ရည်မှန်းထားပါတယ်။ ဒါပေမယ့် ဒီထက်လည်း ပိုများနိုင်တယ်။”ဟု ပြန်လည်ပြင်ဆင်ရေး ညွှန်ကြားရေးမှူးရုံးချုပ်မှ ပြောခွင့်ရအမျိုးသမီး  ရီကာအက်ပရီအန်းတီက ပြောသည်။

“ဒါဟာ အကျဉ်းထောင်တွေမှာ COVID-19 ပျံ့နှံ့မှုကို တားဆီးရေး စီမံချက် တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။”ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ အကျဉ်းသားများ ပြန်လွှတ်ရာတွင် အသက်မပြည့်သေးသော ပြစ်မှုကျုးလွန်သူများနှင့် ထောင်ဒဏ် နှစ်နှစ်မှ သုံးနှစ် ကျခံပြီးသော အကျဉ်းသားများကို ပြန်လွှတ်ရန် အစိုးရက ညွှန်ကြားထားသည်။

ပြန်လွှတ်ပေးခံရသော အကျဉ်းသားများအနေဖြင့် နေအိမ်မှာပင် ကိုယ်တိုင်ရောဂါခြေချုပ်ဖြင့် နေထိုင်ကြရန်ကိုလည်း အကြံပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly