လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး အပစ်ခတ်ရပ်စဲကြရန် သံအမတ် ၁၈ ဦး တိုက်တွန်း

လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး အပစ်ခတ်ရပ်စဲကြရန် သံအမတ် ၁၈ ဦး တိုက်တွန်း

ဧပြီ ၂

မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများအကြား တိုက်ပွဲများရပ်တန့်ပေးရန်နှင့် ပဋိပက္ခများအား ဆွေးနွေးအဖြေရှာရန် မြန်မာနိုင်ငံရှိ နိုင်ငံခြား သံအမတ် ၁၈ ဦးက တိုက်တွန်းတောင်းဆိုလိုက်သည်။
 
" ယခုအချိန်တွင် ကမ္ဘာအရပ်ရပ်မှ နိုင်ငံများအားလုံးအနေဖြင့် COVID-19 ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် အတိဒုက္ခရောက်နိုင်သည့် အခြေအနေတွင်ရှိနေသူများအား ကာကွယ်စောင့်ရှောက်ရန် ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်သည်။ စစ်ရေးပဋိပက္ခသည် စစ်ဘေးကြောင့် ဒုက္ခရောက်နေသော အမျိုးသမီးများ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ ဖယ်ကျဉ်ခံရသူများနှင့် နေရပ်စွန့်စွာရသူများထံသို့ လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အထောက်အပံ့များကိုနှောင့်နှေးစေပြီး အကူအညီများကိုလည်း အဟန့်အတားဖြစ်စေပါသည်။" ဟု ဧပြီ ၁ ရက်နေ့က ထုတ်ပြန်ချက်တွင် ပါရှိသည်။

သြစတြေးလျ၊ ကနေဒါ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေ၊ ပိုလန်၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇလန်၊ တူရကီ၊ ဗြိတိန်နှင့် အမေရိကန်သံအမတ်များ၏ ထုတ်ပြန် ချက်က မတ်လ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ကမ္ဘာအရပ်ရပ်မှ လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး အပစ်ခတ်ရပ်စဲရန် တိုက်တွန်းမှုကို ထပ်မံအား ကူပေးလိုက် ခြင်းဖြစ်သည်။

လတ်တလောတိုက်ပွဲများသည် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် အရှိန်မြင့်လျက်ရှိပြီး စစ်ဘေးရှောင်များလည်း ရှိနေသည်။

တစ်ချိန်တည်းမှာပင် သံအမတ်များက အင်တာနက်နှင့် မီဒီယာကန့်သတ်မှုများကိုလည်း ဖယ်ရှားပေးရန်လည်း တိုက်တွန်းလိုက်သည်။

"COVID-19 ရောဂါသည် လူမျိုး၊ နိုင်ငံသား၊ ကိုးကွယ်ယုံကြည်မှုနှင့် အခြေအနေအဆင့်အတန်းမရွေးထံသို့ ကူးစက်နိုင်ပါသည်။ ကျွန်ုပ်တို့၏ သက်ဆိုင်ရာနိုင်ငံများတွင်လည်း ဗိုင်းရပ်စ်၏ အကျိုးဆက်များကို ကြုံတွေ့ လျက်ရှိပြီး မြန်မာနိုင်ငံကိုလည်း ကျွန်ုပ်တို့နိုင်ငံများက စည်းလုံးစွာဖြင့် ဆက်လက်ကူညီသွားမည် ဖြစ်ပါသည်။" ဟု ကြေညာချက်တွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly