မြန်မာနိုင်ငံရှိ ဖုန်းအော်ပရေတာ လေးခုမှ ဈေးနှုန်းများလျော့ချပြီ

မြန်မာနိုင်ငံရှိ ဖုန်းအော်ပရေတာ လေးခုမှ ဈေးနှုန်းများလျော့ချပြီ

ဧပြီ၂၊ ရန်ကုန်

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားနေသည့်ကာလအတွင်း ပြည်သူများသတင်းအချက်အလက်များ လွယ်ကူလျှင်မြန်စွာသိရှိနိုင်ရေးအတွက် MPT၊ အော်ရီဒူး၊ တယ်လီနော၊ မိုင်တဲ စသည့် ဖုန်းအော်ပရေတာ လေးခုမှ ၎င်းတို့၏ မိုဘိုင်းသုံးစွဲမှုနှုန်းထားအချို့ကို ဈေးနှုန်းလျော့ချထားကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ဧပြီလ ၁ရက်နေ့က ထုတ်ပြန်လိုက်သည်။

MPT နှင့် Telenor အော်ပရေတာကို အသုံးပြုသူများသည် ကျန်းမာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်စာမျက်နှာမှ သတင်းအချက်အလက်များကို အခကြေးငွေပေးစရာမလိုဘဲ အခမဲ့ကြည့်ရှုနိုင်မည်ဖြစ်သည်။

၎င်းအပြင် MPT မှ ဖုန်းခေါ်ဆိုမှုတိုင်းအတွက် တစ်နာရီအတွင်း ဆက်တိုက်ပြောဆိုလျှင် တစ်မိနစ်ကို ၂၇ကျပ်နှုန်းဖြင့် ငါးမိနစ်စာသာ ငွေပေးချေရန် စီစဉ်ထားပြီး ၎င်းအစီအစဉ်ကို ရယူလိုသူများအနေဖြင့် *5055*1#ကို ခေါ်ဆိုရမည် ဖြစ်သည်။

အော်ရီဒူး၊ မိုင်တဲ၊ တယ်လီနောစသည့် အော်ပရေတာ အသီးသီးမှလည်း အင်တာနက် ပက်ကေ့ချ် ဈေးနှုန်းများလျှော့ချခြင်း၊ ငွေဖြည့်ပမာဏ အပိုဆောင်းပေးခြင်းများကို ပြုလုပ်ထားသည်။

COVID - 19 ဖြစ်ပွားနေစဉ်ကာလအတွင်း  Work From Home ပြုလုပ်သူများနှင့် အများပြည်သူသက်သာသောနှုန်းထားဖြင့် ဆက်သွယ်ပြောဆိုနိုင်ရေး၊ သတင်းအချက်အလက် ကျယ်ကျယ်ပြန့်ပြန့်ရရှိစေရေးအတွက် အော်ပ ရေတာများအနေဖြင့် မိမိအကျိုးစီးပွားကိုမကြည့်ဘဲ မိုဘိုင်းဝန်ဆောင်ခနှုန်းထားများကို အနိမ့်ဆုံးနှုန်းထားသတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။

အော်ပရေတာအသီးသီးမှ အဆိုပါနှုန်းထားသတ်မှတ်ချက်များကို ဇွန်လပိုင်းကုန်အထိ လျော့ချဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly