Shutdown ချထားတဲ့ ဩစတြေးလျမှာ အိမ်မွေးတိရစ္ဆာန်မွေးစားမှု မြင့်တက်လာ

Shutdown ချထားတဲ့ ဩစတြေးလျမှာ အိမ်မွေးတိရစ္ဆာန်မွေးစားမှု မြင့်တက်လာ

ဆစ်ဒနီ၊ ဧပြီ ၂

ဩစတြေးလျနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် လူတွေဟာ အိမ်တွင်းပုန်းနေရတဲ့အတွက် သူတို့ကိုအဖော်ပြုပေးမယ့် ခွေး၊ ကြောင်နဲ့ ယုန်‌လေးတွေကို တိရစ္ဆာန်ကယ်ဆယ်ရေးစခန်း‌တွေဆီကနေ သွားရောက်ခေါ်ယူ နေကြတယ်လို့ အာဏာပိုင်တွေက ယမန်နေ့က ပြောပါတယ်။

“နယူးဆောက်ဝေးပြည်နယ်မှာ အိမ်မွေးတိရစ္ဆာန်တွေကို မွေးချင်လို့ စုံစမ်းမှုတွေဟာ ၃၀၀ ရာခိုင်နှုန်းလောက်မြင့်တက်ခဲ့ပါတယ်၊ လူတွေက သူတို့ကို အဖော်ပြုဖို့ တိရစ္ဆာန်လေးတွေဘက် လှည့်လာတာမြင်ရတော့ တကယ့်ကို အားရကျေနပ်မိပါတယ်” လို့ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုကာကွယ်ရေးအဖွဲ့ (RSPCA) ရဲ့ အမှုဆောင်အရာရှိချုပ် စတိဗ်ကိုးလ်မန်းက  AFP ကိုပြောပါတယ်။

ယာယီမွေးဖို့ ခေါ်သွားသူတွေရှိသလို တချို့က အဖော်အဖြစ် ခဏခေါ်ထားရာက တိရစ္ဆာန်လေးတွေကို သံယောဇဉ်ဖြစ်သွားပြီး  အပြီးအပိုင်မွေးစားသွားတဲ့သူတွေ ရှိတယ်လို့လည်း သိရပါတယ်။

မျက်မမြင်ကြောင်လေးတစ်ကောင်ကို မွေးစားလိုက်တဲ့ ဇနီးမောင်နှံကလည်း ကပ်ရောဂါကာလအတွင်း   သီးသန့်ခွဲ့နေရတဲ့အချိန်မှာ အိမ်မွေးတိရစ္ဆာန်အဖော်လေးရှိတဲ့အတွက် ပျော်ရွှင်ရတယ်လို့ ဆိုပါတယ်။

ကယ်တင်ထားတဲ့ တိရစ္ဆာန်တွေနဲ့ အမြဲလိုလိုပြည့်သိပ်နေတဲ့ ဆစ်ဒနီမြို့က တိရစ္ဆာန်ကယ်ဆယ်ရေးစခန်းဟာ အခုဆိုရင် အကောင်လေးတွေ မကျန်သလောက်နီးပါးဖြစ်နေပါပြီ။

နယူးဆောက်ဝေးမှာ RSPCA ကဖွင့်လှစ်ထားတဲ့ တိရစ္ဆာန်ကယ်ဆယ်ရေးစခန်း ၉ ခုရှိပြီး လူစုလူဝေးတားမြစ်ထားချိန်ဖြစ်လို့ ကြိုတင်ရက်ချိန်းယူပြီးမှသာ လာဖို့ ခွင့်ပြုထားပါတယ်။

ဩစတြေးလျမှာ COVID-19 ကူးစက်ခံရသူဦးရေ ၅ ၁၀၀  ကျော်ရှိပြီး၂၃ ဦးသေဆုံးထားတာကြောင့်  ပြည်သူတွေကို အိမ်ထဲမှာကြဖို့ အာဏာပိုင်တွေက လမ်းညွှန်ထားပါတယ်။

RSPCA အဖွဲ့ကလည်း မွေးစားမယ့်သူတွေကို တိရစ္ဆာန်ကယ်ဆယ်ရေးစခန်းတွေဆီ လာစရာမလိုအောင် ဖုန်းနဲ့ ဆက်သွယ်ပြောဆိုပြီး အိမ်တိုင်ရာရောက်ပို့ဆောင်ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly