သမ္မတရခိုင်ခရီးစဉ်အတွက် ကြိုဆိုရန် ကြံ့ခိုင်ရေးပါတီ ပြင်ဆင်

သမ္မတရခိုင်ခရီးစဉ်အတွက် ကြိုဆိုရန် ကြံ့ခိုင်ရေးပါတီ ပြင်ဆင်

ရန်ကုန်၊ နိုဝင်ဘာ ၂ ။ ။ သမ္မတဦးသိန်းစိန်က နိုဝင်ဘာ ၃ရက်တွင် ရခိုင်ပြည်နယ်ကို ရောက်ရှိမည်ဖြစ်ရာ ၎င်းကို ကြိုဆိုရန် ပြည်ထေင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP)က နိုဝင်ဘာ ၂ရက် နေ့လည်က ကြိုတင်အသိပေးသည့် အနေဖြင့် စစ်တွေမြို့တွင် လှည့်လည် စည်းရုံးကာ အသိပေးခဲ့သည်။ 

ရခိုင်ပြည်နယ် USDP အထွေထွေအတွင်းရေးမှူး ဒေါက်တာ စန်းရွှေက "နိုင်ငံတော် သမ္မတလာမှာက သမ္မတတာဝန်လည်းပါတယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့ ဂုဏ်ကို မြှင့်တင်ချင်တာလည်းပါတယ်။ ဒါကြောင့် USDP ရဲ့ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ကြိုဆိုမှာဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတက စစ်တွေ-ကျောက်တော်ကနေ မြောက်ဦးကို သွားမှာဖြစ်ပါတယ်။ မြောက်ဦးမှာ မဟာပညာကျော် အိမ်ရာမှာရှိတဲ့ သမိုင်းစေတီတစ်ဆူကို သံထီးတင်ဖို့ သွားမှာဖြစ်ပါတယ်။ "ဟု ပြောသည်။ 

သမ္မတဦးသိန်းစိန်သည် အောက်တိုဘာ ၃၁ရက်က ဧရာဝတီတိုင်းကို သွားရောက်ကာ၊ ထိုမှတစ်ဆင့် တနင်္သာရီတိုင်းသို့ သွားရောက်ခဲ့ပြီး နိုဝင်ဘာ ၃ရက်တွင် ရခိုင်ပြည်နယ်သို့ သွားရောက်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags