ချန်ပီယံလိဂ်နဲ့ ယူရိုလိဂ်ပြိုင်ပွဲတွေကို ‘နောက်ထပ်ကြေညာချက် မထုတ်ပြန်မချင်း’ အကန့်အသတ်မရှိ ရွှေ့ဆိုင်း

ချန်ပီယံလိဂ်နဲ့ ယူရိုလိဂ်ပြိုင်ပွဲတွေကို ‘နောက်ထပ်ကြေညာချက် မထုတ်ပြန်မချင်း’ အကန့်အသတ်မရှိ ရွှေ့ဆိုင်း
Photo: EPA

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)က ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေအားလုံးကို ‘နောက်ထပ်ကြေညာချက် မထုတ်ပြန်မချင်း’ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပါတယ်။

၂၀၂၁ ကို ရွှေ့ဆိုင်းခဲ့တဲ့ ယူရို ၂၀၂၀ play-off ပွဲစဉ်တွေနဲ့ အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားတဲ့  ယူရို ၂၀၂၁ အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲတွေအပါအဝင် ဇွန်လမှာ ကစားဖို့ စီစဉ်ထားတဲ့ နိုင်ငံတကာပွဲစဉ်တွေအားလုံးကိုလည်း အကန့်အသတ်မရှိ ရွှေ့ဆိုင်းတာ ဒါမှမဟုတ် ဖျက်သိမ်းတာတွေ ပြုလုပ်ခဲ့ပါတယ်။

ယူအီးအက်ဖ်အေဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ယူအီးအက်ဖ်အေရဲ့ အဖွဲ့ဝင် ၅၅ နိုင်ငံက ဘောလုံးအဖွဲ့ချုပ်တွေနဲ့ ဗီဒီယိုကွန်ဖရင့်ပြုလုပ်ခဲ့ပြီး အခုလို ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲကိုတော့ အနည်းဆုံး ဧပြီ ၃၀ ရက်အထိ ဆိုင်းငံ့ထားပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ မန်ချက်စတာစီးတီးနဲ့ ချယ်လ်ဆီးတို့ နှစ်သင်းစလုံးက ချန်ပီယံလိဂ်ဝင်ခွင့်ရထားဆဲဖြစ်ပြီး လက်ရှိမှာ မန်ချက်စတာယူနိုက်တက်၊ ဝုဗ်စ်နဲ့ စကော့တလန်ပရီးမီးယားရှစ်ကလပ် ရိန်းဂျားအသင်းတွေအာလုံးဟာ ယူရိုပါလိဂ်ဝင်ခွင့်ရရှိထားပါတယ်။

ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ အမျိုးသမီး ချန်ပီယံလိဂ်တွေရဲ့ ဗိုလ်လုပွဲတို့ကို မေလမှာ ကစားဖို့ စီစဉ်ထားခဲ့ပေမယ့် အားလုံးကို ရွှေ့ဆိုင်းလိုက်ပြီးဖြစ်ပါတယ်။

ကမ္ဘာအနှံ့ပြန့်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဘီလာရုစ်လိဂ်ပြိုင်ပွဲကလွဲလို့ တခြားဥရောပဘောလုံးပြိုင်ပွဲအားလုံးကို ရွှေ့ဆိုင်းထားရပြီး ပြန်လည်ကစားမယ့်အချိန်ကလည်း ကပ်ရောဂါရဲ့ အခြေအနေပေါ်မှာ မူတည်နေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly