ထိုင်းနှင့် မလေးရှားက ပြန်လာသူများကို နေအိမ်မှ သီးခြားနေရာဆီပြောင်းရွှေ့စောင့်ကြည့်

ထိုင်းနှင့် မလေးရှားက ပြန်လာသူများကို နေအိမ်မှ သီးခြားနေရာဆီပြောင်းရွှေ့စောင့်ကြည့်

ရန်ကုန်၊ မတ် ၃၁

ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံက ပြန်လာသည့် မြန်မာနိုင်ငံသားများကို COVID-19 ရောဂါပိုးရှိ၊ မရှိ ၎င်းတို့ နေအိမ်တွင်သာ၁၄ ရက်စောင့်ကြည့်ရာမှုပြုလုပ်ခဲ့ရာ မထိရောက်သောကြောင့် သီးခြားနေရာများတွင်သာ ပြောင်း ရွှေ့စောင့်ကြည့်ရန် အစိုးရက ညွှန်ကြားထားကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက မဇ္ဈိမကို ပြောသည်။

ဒေါက်တာအောင်နိုင်ဦးက “ အစိုးရအဖွဲ့ကနေ သူတို့ကိုCommunity Quarantine(သတ်မှတ်အဆောက်အဦများတွင် အသွားအလာကန့်သတ်စောင့်ကြည့်ခြင်း) ပုံစံမျိုး ပြန်လုပ်တာပါ။ Home Quarantine (အိမ်တွင်အသွား အလာကန့်သတ်စောင့်ကြည့်ခြင်း) ထက်စာရင် ပိုပြီး သီးခြားဖြစ်တဲ့ သဘောမျိူးပါ။ အိမ်မှာက တစ်ချို့အိမ်တွေမှာ အခန်းမရှိဘူး။ အခန်းမရှိရင် သီးခြားမဖြစ်ဘူးပေါ့။ တစ်ချိူ့က သူ့အသိစိတ်နဲ့ သီးခြားစီနေပေမယ့် တစ်ချို့ သူတွေက အဲ့လိုအသိစိတ်မရှိတဲ့အခါကျတော့ ထိရောက်တဲ့ Home Quarantine မဖြစ်ဘူးပေါ့။ အဲ့တာကြောင့် သူတို့ ပြန်ဆုံးဖြတ်လိုက်တာ” ဟု ပြောသည်။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီနယ်စပ်ဂိတ်မှတစ်ဆင့် ဝင်ရောက္လာပြီး မဂင်္လာဒုံမြို့နယ္တြင် ဝင်ရောက်နေထိုင်ခဲ့သူတစ်ဦး၌ မတ်လ ၂၉ ရက်နေ့တွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ရာနယ်စပ်ဂိတ်များမှတစ်ဆင့် အစုလိုက်အပြုံလိုက်ပြန်ဝင်ရောက်လာသူအချင်းချင်းကြားတွင်ဖြစ်စေ၊ ပြည်တွင်းနေထိုင်သူများထံသို့ ဖြစ်စေ ရောဂါကူးစက်ပျံ့ပွားပြီး ကပ်ရောဂါဖြစ်ပွားရန် အလားအလာအလွန်များပြားနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နယ်စပ်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာသည် နေ့စဉ်ပြန်လည်ဝင်ရောက်လျှက်ရှိနေသည်။

မြန်မာနိုင်ငံ၌ မတ်လ ၃ဝ ရက်နေ့တွင် COVID-19 ရောဂါပိုးရှိသူ ၄ ဦးထပ်မံတွေ့ရှိခဲ့သောကြောင့် COVID -19 ရောဂါပိုးရှိသူစုစုပေါင်း ၁၄ ဦးတွေ့ရှိနေပြီဖြစ်သည်။ ရောဂါပိုးတွေ့ရှိသူများထဲမှ ၂ ဦးမှာ ထိုင်းနိုင်ငံမှ ပြန်လာသူ များဖြစ်ပြီး မတ်လ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီနယ်စပ်ဂိတ်မှတစ်ဆင့် ဝင်ရောက်လာသော အမျိူးသားတစ်ဦးနှင့် မတ်လ ၂၅ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ဝင်လာပြီး မန္တလေးမြို့မှတစ်ဆင့် ကျောက်မဲမြို့သို့ ပြန်လာသူတစ်ဦးတို့ ဖြစ်သည်။

နယ်စပ်ဂိတ်များမှ ထပ်မံပြန်လာမည့်သူများအတွက် စောင့်ကြည့်နေရာများ ပြင်ဆင်နေဆဲဖြစ်သောကြောင့် လောလောဆယ် မပြန်လာကြရန်လည်း အစိုးရက ပန်ကြားထားသည်။

ထိုင်းနိုင်ငံမှ ပြန်လာသူတစ်ဦးဖြစ်သည့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ကိုလှမျိုးက “ရပ်ကွက်ထဲမှာ ၂ဝ ရက်နောက်ပိုင်း ပြည်ပက ပြန်လာသူအားလုံးလို့ လာခေါ်တဲ့အချိန်က ပြောပါတယ်။ များသောအားဖြင့် ထိုင်းကပါ” ဟုပြောသည်။

ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံမှ ပြန်လာသူများကို နေအိမ်မှ သတ်မှတ်ထားသောနေရာများတွင် ပြောင်းရွှေ့စောင့်ကြည့်ရာတွင် အစိုးရက ကျေးရွာရပ်ကွက်များရှိ အဆင်ပြေသော စာသင်ကျောင်းများ၊ ဓမ္မာရုံများတွင် ထားရှိပြီး မြန်မာနိုင်ငံအတွင်းသို့ ပြန်ရောက်ချိန်မှ ၁၄ ရက်ပြည့်သည်အထိ စောင့်ကြည့်ရန် ညွှန်ကြားထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly