စျေးဝယ်စင်တာများ၏ အခြေအနေကို စစ်ဆေးကြည့်ရှုရန် မလေးရှားဝန်ကြီးချုပ် ကိုယ်တိုင် စျေးဝယ်ထွက်ခဲ့

စျေးဝယ်စင်တာများ၏ အခြေအနေကို စစ်ဆေးကြည့်ရှုရန် မလေးရှားဝန်ကြီးချုပ် ကိုယ်တိုင် စျေးဝယ်ထွက်ခဲ့

မတ် ၃၀

မလေးရှားဝန်ကြီးချုပ် တန် ဆရီ မူယီဒင် ယက်ဆင်သည် မတ်လ ၂၉ ရက်က စူပါမားကတ်တစ်ခုသို့ ကိုယ်တိုင်သွားရောက်ခဲ့ပြီး လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို ဝယ်ယူခဲ့ကြောင်း သိရသည်။

သွားလာလှုပ်ရှားမှုများကို ထိန်းချုပ်ကန့်သတ်သည့် အမိန့် (MCO) ထုတ်ထားစဉ် ကာလအတွင်း နိုင်ငံတွင် ကုန်ပစ္စည်းများ ဖြည့်ဆည်းမှု အခြေအနေကို စစ်ဆေးကြည့်ရှုရန် မလေးရှားဝန်ကြီးချုပ်က ယခုကဲ့သို့ ကိုယ်တိုင် စျေးဝယ်ထွက်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် လက်ရှိ ကာလအတွင်း ပြည်သူများ မည်ကဲ့သို့ ပြုမူနေထိုင်နေသလဲ ဆိုသည်ကို ကြည့်ရှုချင်ခဲ့ကြောင်း မူယီဒင်က ၎င်း၏ ဖေ့ဘွတ်ခ်ပို့စ်တစ်ခုတွင် ရေးသားခဲ့သည်။

“ဒီမနက်မှာပဲ ကျွန်တော် ကွာလာလမ်ပူမြို့က စူပါမားကတ်တစ်ခုကို သွားခဲ့ပါတယ်၊ လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတစ်ချို့ ဝယ်ဖို့ သွားခဲ့တာဖြစ်သလို စူပါမားကတ်တွေမှာ ပြည်သူတွေ ဘယ်လို သွားလာနေကြသလဲ ဆိုတာ ကို စောင့်ကြည့်ချင်တဲ့အတွက် သွားခဲ့တာဖြစ်ပါတယ်၊ အဲဒီမှာ လူအတော်များများက သီးခြားခွဲနေရမယ့် စည်းကမ်းတွေနဲ့ပတ်သက်လို့ သိရှိနားလည်ထားကြတာကို ကျွန်တော် တွေ့ခဲ့ပါတယ်၊ နောက်ပြီး စူပါမားကတ်မှာလည်း ရောင်းကုန်ပစ္စည်းတွေ အပြည့်အဝ ရှိနေပါတယ်၊ ဒီတော့ ကျွန်တော်တို့အနေနဲ့ ထိတ်ထိတ်ပျာပျာ ဖြစ်စရာ မလိုပါဘူး” ဟု မူယီဒင် က ပြောသွားသည်။

ထို့ပြင် မလေးရှားဝန်ကြီးချုပ် မူယီဒင်သည်  ၎င်းကိုယ်တိုင် စူပါမားကတ် လျှောက်လမ်းတစ်လျှောက် စျေးတွန်းလှည်းတစ်ခု တွန်းပြီး ပစ္စည်းတစ်ချို့ ဝယ်ယူနေသည့် ဓာတ်ပုံများကို ဆိုရှယ်မီဒီယာဆိုဒ်ပေါ်တွင် တင်ခဲ့သေး သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly