ဖြိုးကိုကိုတင့်ဆန်းကို ထောင်ဒဏ် နှစ် ၃၀ နှင့် ၇ လချမှတ်

ဖြိုးကိုကိုတင့်ဆန်းကို ထောင်ဒဏ် နှစ် ၃၀ နှင့် ၇ လချမှတ်
ဓာတ်ပုံ- သန်းထိုက်အောင် (မဇ္စျိမ)

နေပြည်တော်လေဆိပ်မှာ မူးယစ်ဆေးဝါး၊ လက်နက်များနဲ့ ဖမ်းဆီးရမိခဲ့တဲ့ ဖြိုးကိုကိုတင့်ဆန်းကို ထောင်ဒဏ်နှစ်သုံးဆယ်နှင့် ခုနစ်လ ဒက္ခိဏခရိုင်တရားရုံး၌ ချမှတ်ခဲ့သည်။

ရုံးချိန်းပေါင်း တစ်ရာကျော် အချိန်ကာလ အားဖြင့် ၂နှစ်နှင့် သုံးလကျော် စစ်ဆေးခဲ့သည့် ဖြိုးကိုကိုတင့်ဆန်းပါ ၁၂ဦးကို တရားစွဲထားသည့် အမှုများကို ယနေ့ မတ်လ၃၀ရက်နေ့ ရုံးချိန်း၌ အပြီးသတ် အမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။

နေပြည်တော် ဟိုတယ် Ace ပိုင်ရှင် ဖြိုးကိုကိုတင့်ဆန်းပါ ၁၂ဦးကိုတော့ အမှုပေါင်း ၁၄မှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပါသည်။

မူးယစ်ဆေးဝါးမှု၊ လက်နက်မှု၊ မြန်မာနိုင်ငံလျို့ဝှက် အက်ဥပဒေ ၊ နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်၊ ဆက်သွယ်ရေးဥပဒေ၊ ပို့ကုန်သွင်းကုန်များ ဥပဒေ စသည့်အများဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

၎င်းတို့အား တရားစွဲထားသည့်အမှုများသည် ‌ရန်ကုန် နှင့်နေပြည်တော် ၌ ဖြစ်သည့်အတွက် တူရာအမှုများကို ဒက္ခိဏခရိုင်တရားရုံးတွင် တပေါင်းတည်းစစ်ဆေးရန် ပြီးခဲ့သည့်နှစ်က အမိန့်ချထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly