ဗိုင်းရပ်စ်ကြောက်ရာက ထိုင်းအကျဉ်းထောင်တွင် ထောင်ဆူမှုဖြစ်

ဗိုင်းရပ်စ်ကြောက်ရာက ထိုင်းအကျဉ်းထောင်တွင် ထောင်ဆူမှုဖြစ်

ထိုင်းနိုင်ငံ အကျဉ်းထောင်တစ်ခုတွင် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှာကို ကြောက်ရွံထိတ်လန့်ကာ ဒါဇင်ပေါင်းများစွာသော ထောင်သားများက ဆူပူသောင်းကြမ်းကာ ပရိဘောဂများဖျက်စီးပြီး ပြူတင်းပေါက်များရိုက်ချိုးခြင်းပြုလုပ်မှု တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သည်။

အဆိုပါ ဆူပူအုံကြွမှုတွင် အကျဉ်းသား နှစ်ထောင်ခန့်ရှိ ဘူရီယမ်အကျဉ်းထောင်မှ ထောင်သားအချို့လည်း ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း တရားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ထောင်ပြေးခုနှစ်ဦးကိုတော့ ပြန်လည်ဖမ်းဆီးရမိခဲ့သည်။

ပြည်တွင်းမီဒီယာများ၏ ထုတ်လွှင့်ချက်တွင် နိုင်ငံအရှေ့မြောက်ဘက်ရှိ အကျဉ်းထောင်မှ မီးခိုးလုံးများထွက်နေသည်ကို တွေ့မြင်ရသည်။

" ထောင်သားအုပ်စုတစ်စုက ထွက်ပြေးဖို့ကြိုးစားတာမှာ ထိန်းမနိုင်သိမ်းမရအခြေအနေကို ဖန်တီးခဲ့တာပဲ... အထဲမှာရှိတဲ့ တစ်ချို့အသုံးအဆောင်ပစ္စည်းတွေကို မီးတိုက်တာအပါအဝင်ပေါ့" ဟု အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နာရတ် ဆဝီတနာက ပြောသည်။

ထောင်အတွင်း COVID-19 ပြန့်နှံ့မှုဖြစ်နေသည်ဆိုသော ကောလဟလကထွက်လာခဲ့ပြီးနောက် စိတ်ကျန်းမာရေးလုပ်သားများကို အကျဉ်းသားများနှင့် စကားပြောရန် တာဝန်ချထားခဲ့သည်ဟု ဗိုလ်မှူးချုပ် အက္ကရာဒက်ဂျ် ပီမွန်ဆရီက ပြောသည်။

'" အခြေအနေတွေကို ထိန်းနိုင်ပါပြီ" လို့ သူက ထပ်လောင်းပြောသည်။

ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူ ခုနှစ်ဦးအပါအဝင် ကူးစက်ခံရသူ ၁,၃၈၈ ဦးရှိပြီးဖြစ်သည်။

အနိမ့်ဆုံး အကျဉ်းသားနှစ်ဦးတွင် ကူးစက်မြန်ရောဂါဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိထားခဲ့သည်။

အကျဉ်းထောင်အတွင်း ပျံ့ပွားမှုတားဆီးရန် အာဏာပိုင်များက ထောင်ဝင်စာတွေ့ခြင်းကို ပိတ်ပင်ထားပြီး အကျဉ်းသားသစ်များကို ၁၄ ရက် ကွာရန်တိုင်းလုပ်ထားသည်။

အလားတူ အကျဉ်းထောင်တွင်း ကိုရိုနာဗိုင်းပ် အထိတ်တလန့်ဖြစ်မှုမျိုးကို ကိုလံဘီယာနိုင်ငံမြို့တော် ဘိုဂိုတာတွင် လွန်ခဲ့သော တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့ရာ အကျဉ်းသား ၂၃ ဦး သေဆုံးခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly