ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ‘စိုးရိမ်ထိတ်လန့်စရာ မလိုဘူး’လို့ ပြောတဲ့ ဘီလာရုစ်သမ္မတ

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ‘စိုးရိမ်ထိတ်လန့်စရာ မလိုဘူး’လို့ ပြောတဲ့ ဘီလာရုစ်သမ္မတ
Photo: EPA

ကိုရိုနာဗိုင်းရပ်စ်သစ် တိုက်ဖျက်ဖို့ ကျန်ဥရောပနိုင်ငံတွေမှာ ဆိုင်တွေကို ပိတ်ပစ်လိုက်တာကြောင့် ဘီလာရုစ်ဟာ စီးပွားရေးအတွက် လမ်းပွင့်နေဆဲဖြစ်ပါတယ်။ ယခင်ဆိုဗီယက်သမ္မတနိုင်ငံရှိ စားသောက်ဆိုင်တွေဟာ အစားအသောက်တွေ ဝန်ဆောင်မှု ဆက်လက်ပေးနေပြီး နိုင်ငံရဲ့ ဘောလုံးလိဂ်ပြိုင်ပွဲကလည်း ဆက်ပြီး ယှဉ်ပြိုင်ကစားနေပါတယ်။

ဘီလာရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုဟာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပြဿနာကို "စိတ်ရောဂါအဖြစ်" သတ်မှတ်လိုက်ပြီး တစ်ကမ္ဘာလုံးက ကျင့်သုံးနေတဲ့ lockdown ပိတ်ချမှုမျိုးကို ဥပမာယူဖို့ ငြင်းဆန်နေပါတယ်။

ဘီလာရုစ်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၀ မပြည့်သလို အသေအပျောက် မရှိဘူးလို့ သိရပြီး လူကာရှန်ကိုက ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး "စိုးရိမ်ထိတ်လန့်စရာ မလိုဘူး"လို့ ယခုအပတ်အတွင်းက ပြောကြားခဲ့ပါတယ်။

သူဟာ သူ့ရဲ့ နိုင်ငံသားတွေကို မြေယာပေါ် လုပ်ကိုင်ဖို့ အားပေးခဲ့ပါတယ်။

"လယ်ထွန်စက်က လူတိုင်းကို ကုသပေးပါလိမ့်မယ်။ လယ်ယာမြေတွေက လူတိုင်းကို ကျန်းမာစေမှာပါ။"လို့ ၁၉၉၄ ခုနှစ်က အာဏာရခဲ့တဲ့ စုပေါင်းလယ်ယာမြေဒါရိုက်တာဟောင်း လူကာရှန်ကိုက ပြောပါတယ်။

စနေနေ့က ရေခဲပြင်ဟော်ကီပြိုင်ပွဲတစ်ခုကို သွားရောက်ခဲ့တဲ့ လူကာရှန်ကိုက "ဒူးထောက်အည့ံခံပြီး အသက်ရှင်ရတာထက် ဂုဏ်သိက္ခာရှိရှိ သေခြင်းနဲ့ သေတာက ပိုကောင်းတယ်။"လို့ ပြောဆိုသွားပါတယ်။

ဥရောပမှာ လိဂ်တော်တော်များ ရပ်နားနေချိန်မှာ ဘီလာရုစ်ချန်ပီယံရှစ်ပြိုင်ပွဲကတော့ ဆက်ပြီး ယှဉ်ပြိုင်ကစားနေပါတယ်။

စနေနေ့က ဘောလုံးပွဲစဉ်တစ်ပွဲကို လာရောက်ကြည့်ရှုတဲ့ ပရိသတ်တစ်ယောက်ကတော့ “ကျနော်တို့ ဒီနေရာမှာ ရောက်နေရင်တောင် သီးခြားခွဲထုတ်ဖို့ ကြိုးစားတယ်။ ကားနဲ့လာတယ်။ ကျနော်တို့ရဲ့ လက်ကို အခါ ၁၀ လောက် ဆေးကြောတယ်။”လို့ AFP ကို ပြောပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly