Covid-19 ကြောင့် ဆေးရုံရောက်သွားရပြီဖြစ်တဲ့ တူရကီရဲ့နာမည်ကျော် ဂိုးသမားကြီး

Covid-19 ကြောင့် ဆေးရုံရောက်သွားရပြီဖြစ်တဲ့ တူရကီရဲ့နာမည်ကျော် ဂိုးသမားကြီး

တူရကီနိုင်ငံရဲ့နာမည်ကျော်ဂိုးသမားကြီးတစ်ယောက်ဖြစ်တဲ့ ရပ်စတူရက်ဘာ တစ်ယောက်ကတော့ Covid-19 ကြောင့် ဆေးရုံမှာ ကုသမှု ခံယူနေရပြီဆိုတဲ့အကြောင်း တူရကီသတင်းစာတွေက ဖော်ပြနေကြပါပြီ။

ဖီနာဘာချီ၊ ဘက်ဆစ်တပ်နဲ့ ဘာစီလိုနာအသင်းတို့မှာ ကစားခဲ့တဲ့ အသက် (၄၆)နှှစ်အရွယ် ဂိုးသမားကြီးဟာ Covid-19 ရဲ့ ရောဂါလက္ခဏာတွေကို ပြသနေတာကြောင့် ဆေးစစ်မှုခံယူခဲ့ရပြီး ရောဂါကူးစက်ခံနေရကြောင်း အဖြေထွက်ခဲ့တယ်လို့ ဇနီးသည်က ပြောတာပါ။

တူရကီလက်ရွေးစင်အသင်းနဲ့အတူ (၁၀)စုနှစ် နှစ်ခုလောက် ဖြတ်သန်းခဲ့တဲ့ ဂိုးသမားကြီးဟာ တူရကီနိုင်ငံရဲ့အကျော်ကြားဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်ပြီး နိုင်ငံအသင်းအတွက် ပွဲပေါင်း (၁၂၀) ကစားပေးခဲ့သူပါ။

ရက်ဘာ ဟာ လက်ရှိအချိန်မှာ တူရကီနိုင်ငံတွင်း ဆေးရုံတစ်ခုပေါ်ရောက်နေပြီး အဲဒီအတွက်် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ ဒီရောဂါကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဇနီးဖြစ်သူက သူမရဲ့ အင်စတာဂရမ်ကနေ အသိပေးပါတယ်။

 
 
 
 
 
 
 
 
 
 
 
 
 

 

A post shared by Isil Recber (@isilrecber) on

ရက်ဘာ ဟာ ပုံမှန်အခြေအနေကနေ အဖျားဝေဒနာကို မြန်မြန်ဆန်ဆန်ခံစားလာရတာဖြစ်ပြီး မိသားစုတွေအကုန်လုံး ဒီအဖြစ်အပျက်ကြောင့် ထိတ်လန့်ကုန်ကြရတယ်လို့ ရက်ဘာရဲ့ဇနီးသည်ဖြစ်သူ အီဆေးလ် က ဆိုပါတယ်။

အီဆေးလ်က ပရိသတ်တွေအနေနဲ့ ရက်ဘာ ကို သွားတွေ့ပြီး အားပေးခွင့်ရမှှာမဟုတ်တဲ့အတွက်လည်း စိတ်မကောင်းဖြစ်မိကြောင်းနဲ့ ဆေးရုံတာဝန်ရှိသူတွေအနေနဲ့ ရက်ဘာ ကို ဘယ်သူနဲ့မှ တွေ့ခွင့်မပေးပဲ သီးခြားကုသမှု ပြုလုပ်ပေးနေကြကြောင်းကိုလည်း အသိပေးသွားခဲ့ပါသေးတယ်။

တူရကီနိုင်ငံတွင်းမှာတော့ Covid-19 ကူးစက်ခံထားရသူပေါင်း (၇၅၀၀)ကျော် ရှိနေပြီး သေဆုံးသူဦးရေ (၁၀၀)ကျော်သွားခဲ့ပြီမို့ ပရိသတ်တွေက သူတို့ချစ်တဲ့ဂိုးသမားကြီးတစ်ယောက် ဒီရောဂါကနေ အမြန်ဆုံး ပြန်လည်ကောင်းမွန်လာစေဖို့ ဆုတောင်းပေးနေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly