Lockdown ချထားခဲ့တဲ့ ဗိုင်းရပ်စ်ဗဟိုချက် ဝူဟန်မြို့မှာ ခရီးသွားလာမှု ကန့်သတ်ချက်တွေ ဖြေလျှော့

Lockdown ချထားခဲ့တဲ့ ဗိုင်းရပ်စ်ဗဟိုချက် ဝူဟန်မြို့မှာ ခရီးသွားလာမှု ကန့်သတ်ချက်တွေ ဖြေလျှော့

ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ဖြစ်ပွားတဲ့ ဗဟိုချက်ဖြစ်တဲ့ တရုတ်နိုင်ငံက လူဦးရေး ၁၁ သန်း ရှိတဲ့ ဝူဟန်မြို့ကို လုံးဝနီးပါး ပိတ်ထားခဲ့ပြီး နှစ်လကျော်အကြာ စနေနေ့မှာတော့ တစ်စိတ်တစ်ပိုင်း ပြည်လည်ဖွင့်လှစ်ပေးပြီ ဖြစ်ပါတယ်။

ဒေသခံတွေကို အပြင် ထွက်ခွာတာ တားမြစ်ခြင်း၊ မြို့ပြင်လမ်းတွေကို စည်းရိုးခတ်ပိတ်ဆို့ခြင်းနဲ့ နေ့စဉ်နေထိုင်မှု ဘဝတွေမှာ တားမြစ်ကန့်သတ်ချက်တွေ ချမှတ်ခြင်းနဲ့ ဝူဟန်မြို့ကို ဇန်နဝါရီလကစတင်လို့ lockdown ချခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် သယ်ယူပို့ဆောင်ရေးနဲ့ စက်မှုအချက်အချာဖြစ်တဲ့ ဝူဟန်မြို့ဟာ ခုဆိုရင် ကာလရှည် သင်းကွဲနေထိုင်ခဲ့ရတာတွေ  အဆုံးသတ်တာအဖြစ် နိုင်ငံပိုင်မီဒီယာမှာ ဝူဟန်မြို့ဆီ သန်းခေါင်ယံကျော်အချိန် ပြန်လည်ဆိုက်ကပ်လာတဲ့ ခရီးသည်တင်ရထားတစ်စီးကို ရိုက်ကူးထုတ်လွှင့်ပြရင်း မြင်တွေ့ရတာ ဖြစ်ပါတယ်။

အခုဆိုရင် ပြည်သူတွေကို မြို့တွင်း ပေးဝင်ပြီဖြစ်ပေမယ့် မြို့ပြင်တော့ ထွက်ခွင့် မပေးသေးဘဲ ရှိနေပြီး တော်တော်များများ ရထားတွေဟာ ကြိုတင်လက်မှတ်တွေ အကုန်ဖြတ်ပြီးဖြစ်ပါတယ်။

ဝူဟန်ဘူတာရုံဆီ စနေနေ့က ခရီးသည်တွေ အုပ်လိုက်ဆိုက်ရောက်လာတာကိုလည်း မြင်တွေ့ရပါတယ်။

သောကြာနေ့က ဆိုက်ရောက်လာတဲ့ အမျိုးသမီးတစ်ဦးကတော့ သူနဲ့ သူ့သမီးဖြစ်သူဟာ သူ့ ခင်ပွန်းသည်နဲ့ ဝေးကွာပြီးနေခဲ့ရတာ သီတင်းဆယ်ပတ်နီးပါး ရှိတယ်လို့ ပြောပါတယ်။

“ဝူဟန်ဆီ ရထား ရောက်ခါနီးမှာပဲ ကျွန်မသမီးရော၊ ကျွန်မပါ တော်တော်လေး စိတ်လှုပ်ရှားခဲ့ရတယ်။”လို့ အဆိုပါ အမျိုးသမီးက ပြောခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စတင်ရာ ဝူဟန်မြို့ဟာ အဆုံးအရှုံး ကြီးမားခဲ့ပြီး ကူးစက်ဖြစ်ပွားသူ ၅၀၀၀၀ ကျော်ထက်မနည်း ရှိခဲ့ပြီး သေဆုံးနှုန်းဟာလည်း အခြား တရုတ်နိုင်ငံတွင်းက မြို့တွေထက် ပိုများပြားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly