မြိတ်မြို့တွင် COVID-19 စောင့်ကြည့်နှင့်သံသယလူနာများအတွက် အရေးပေါ်အထောက်အကူပြု ယာဉ် တီထွင်

မြိတ်မြို့တွင် COVID-19 စောင့်ကြည့်နှင့်သံသယလူနာများအတွက် အရေးပေါ်အထောက်အကူပြု ယာဉ် တီထွင်
 ဓာတ်ပုံ - ဒီမိုးသွေး ( မြိတ်)

မြိတ်၊ မတ်  ၂၈။                ။ ကိုရိုနာဗိုင်းရပ်စ် (COVID-19) စောင့်ကြည့်နှင့် သံသယလူနာများအတွက် အချိန်နှင့်တပြေးညီ ကူညီအသုံးပြုနိုင်မည့် အရေးပေါ် သီးခြားအထောက်အကူပြုယာဉ်တစ်စီးကို မြိတ်မြို့ရှိ မြန်မာ အင်ဂျင်နီယာတစ်ဦးမှ တီထွင်ထားကြောင်း သိရသည်။

ဓာတ်ပုံ - ဒီမိုးသွေး ( မြိတ်)

၎င်းတီထွင်ထားသည့်ယာဉ်ကို မြိတ်မြို့ပေါ်ရှိ ကိုရိုနာဗိုင်းရပ်စ် (COVID-19)စောင့်ကြည့်နှင့်သံသယလူနာများအတွက် အခမဲ့ကူညီပို့ဆောင်ပေးရန် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအဖွဲ့နှင့် ချိတ်ဆက် ပြင်ဆင်ထားကြောင်း သိရသည်။

“ဒီယာဉ်ကို ကျွန်တော်စိတ်ကူး ပုံဖော်မိတာက လက်ရှိ မြန်မာနိုင်ငံမှာ (COVID-19) နဲ့ ပတ်သက်ပြီး၊ လူနာတွေကို သွားရောက် တင်ဆောင်နေတာက ကျန်းမာရေးဝန်ထမ်းတွေမှာ Safety မရှိဘူးလို့ မြင်ပါတယ်။ ဒီအတွက်ကြောင့် အခု ယာဥကို ၂ ရက် အချိန်ပေးပြီး တီထွင်လိုက်တာဖြစ်တယ်”ဟု  ဖန်တီးတည်ဆောက်သူ မြန်မာအင်ဂျင်နီယာ ကိုကိုင်ဇာက ပြောသည်။

ဓာတ်ပုံ - ဒီမိုးသွေး ( မြိတ်)

အဆိုပါယာဉ်ကို ယာဉ်တန်ဖိုးမပါ ဖန်တီးတီထွင်ထားသည့် ပစ္စည်းတန်ဖိုးကျပ်ငွေ သိန်း ၃၀ ကျော်ရှိကြောင်း ယာဉ်တီထွင်သူကိုကိုင်ဇာက ပြောသည်။

ယာဉ်အတွင်းမှာတော့ လေပူ၊လေအေး၊ပိုးသတ်စနစ်၊ရေဖြန်းစက်၊ကိရီယာများ၊ မီးချောင်းများ၊ အဲယာကွန်းစနစ်နှင့် အလိုအလျှောက်ဖြန်းနိုင်သည့်နည်းစနစ်ဖြင့် ဖန်တီးတည်တောက်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly