PNLO / PNLA နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ တောင်ကြီးစပ်စံထွန်းဆေးရုံတွင် ဆေးကုသမှုခံယူ

PNLO / PNLA နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ တောင်ကြီးစပ်စံထွန်းဆေးရုံတွင် ဆေးကုသမှုခံယူ

မတ်လ ၂၈။                ။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် နာယကဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကသည်  တောင်ကြီးစပ်စံထွန်းဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။

"အခုတော့ နည်းနည်းတိုးတက်လာပြီလို့တော့ ပြောရမှာပေါ့။ တခြားတော့ ဘာမှမထူးခြားပါဘူး။ သူ့ရဲ့နဂိုရှိတဲ့ ပန်းနာရင်ကြပ်အခံပေါ့လေ အဲ့ဒီရောဂါ ဖြစ်တာပေါ့" ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့မှ ဒုဥက္ကဋ္ဌဖြစ်သူ ခွန်မြင့်ထွန်းက မဇ္ဈိမသို့ ပြောသည်။

လက်ရှိတွင်  ဗိုလ်မှူးကြီးခွန်ဥက္ကာ၏ ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လာပြီးဖြစ်ကြောင်းလည်း ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly