COVID-19 ကာကွယ်ရေးအတွက် စုပေါင်း ဝတ်ပြုမှုများ ရပ်နားသွားမည်

COVID-19 ကာကွယ်ရေးအတွက် စုပေါင်း ဝတ်ပြုမှုများ ရပ်နားသွားမည်

မန္တလေး၊ မတ်၂၇

မြန်မာနိုင်ငံအတွင်းတွင် COVID-19 ရောဂါပိုးကူးစက်ခံရသူများရှိလာခြင်းကြောင့် လူစုလူဝေးဖြစ်ပေါ်ခြင်းမရှိစေရန် နိုင်ငံတော်အစိုးရမှ ညွှန်ကြားလာသဖြင့် တနိုင်ငံလုံးအတိုင်းအတာရှိ ဗလီဝတ်ကျောင်းတော်များတွင် စုပေါင်းဝတ်ပြုမှုကို ယနေ့(မတ် ၂၇)ရက်နေ့မှစတင်ကာ ရပ်နားသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစ္စလာမ်သာသ နာရေးရာကောင်စီ ဥက္ကဌ ဒေါက်တာမောင်မောင်က ပြောသည်။

"နိုင်ငံတော်အစိုးရ၊ တိုင်းဒေသကြီးအစိုးရနဲ့ သာသာရေးဝန်ကြီးဌာနတို့က တစ်နိုင်ငံလုံးမှာရှိ တဲ့ ဗလီတွေအပါအဝင် ဘယ်ဘုရားကျောင်းကန်တွေအားလုံးမှာ လူစုလူဝေးမလုပ်ဖို့အတွက် ညွှန်ကြားချက်ထုတ်ထားပါ၊တယ်။ အဲဒါကို လိုက်နာတဲ့အနေနဲ့ ဒီနေ့သောကြာနေ့ကစပြီး ဝတ်ပြုမှုကို ရပ်နားသွားမှာဖြစ်ပါတယ်"ဟု ၎င်းက ပြော သည်။

စုပေါင်းဝတ်ပြုခြင်းကို နိုင်ငံတော်၏ ညွှန်ကြားချက်ထဲတွင်ပါဝင် ဧပြီလ ၃ဝရက်နေ့အထိ ရပ်နားသွားမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဗလီများအားလုံးကို အကြောင်းကြားထားပြီဖြစ် ကြောင်းသိရသည်။

ဝတ်ပြုမှုကို ရပ်နားမည့်အပြင် COVID-19 သံသယဖြစ်လူနာများအား ယာယီစောင့်ကြည့်ရန်အတွက် လိုအပ်ပါက အစ္စလာမ်ဝတ်ကျောင်းတော်များကို အသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly