အင်္ဂလန်အသင်းရဲ့ ကစားသမားတွေဖြစ်ကြတဲ့ နောက်ခံလူ အာနိုးလ်နဲ့ ကွင်းလယ်လူ လင်ဂတ်တို့ကတော့ Covid-19 ကြောင့် နေအိမ်မှာ အနားယူနေရစဉ်မှာပဲ သူတို့ရဲ့ ဘောလုံးစကေးတွေကို ပရိသတ်တွေသိအောင် ပြသဖို့ ကြိုးစားခဲ့ကြပါတယ်။
အင်စတာဂရမ်ပေါ်မှာ လတ်တလော လူပြောများနေတဲ့ ဗီဒီယိုနှစ်ခုရှိကြပြီး အဲဒါကတော့ လီဗာပူးလ်နောက်ခံလူ အာနိုးလ်ရဲ့ အိုးတစ်လုံးထဲကို ဘောလုံးဝင်အောင် ကန်ပြသွားတဲ့ ဗီဒီယိုဖိုင်နဲ့ အမှိုက်ပုံးထဲကို ဘောလုံးဝင်အောင် ကန်သွားတဲ့ ဗီဒီယိုဖိုင်တွေပဲ ဖြစ်ကြပါတယ််။
အာနိုးလ်က သူ့ရဲ့ခြံထောင့်မှာ ရှိနေတဲ့ အိုးတစ်လုံးထဲကို ဘောလုံးဝင်အောင် ကန်ပြသွားခဲ့တာဖြစ်ပြီး သူ့ရဲ့ အင်စတာဂရမ်ဗီဒီယို က ကြည့်ရှုသူ တစ်သန်းကျော်တောင် ရှိခဲ့တာပါ။
လင်ဂတ်ကလည်း သူ့ရဲ့အိမ်အပေါ်ထပ်ကနေပြီး ခြံဝန်းအတွင်းမှာရှိနေတဲ့ အမှိုက်ပုံးထဲကို ဘောလုံးဝင်အောင် ကန်ခဲ့တာပါ။ ဘောလုံးက အမှိုက်ပုံးထဲ တန်းဝင်သွားခဲ့တယ်ဆိုပေမယ့်လည်း ပြန်ကန်ပြီး ထွက်လာခဲ့ပါသေးတယ်။ လင်ဂတ်ကတော့ ဘောလုံးဝင်သွားတဲ့အချိန်မှာပဲ ပျော်ရွှင်ပြီး အိမ်အပေါ်ထပ်မှာ လျှောက်ပြေးနေတာကို ပရိသတ်တွေ မြင်ခဲ့ရတာပါ။
လီဗာပူးလ်အသင်းရဲ့ အခြားနောက်ခံ ကစားသမားတစ်ယောက်ဖြစ်တဲ့ ရောဘတ်ဆန် ကလည်း သူ့ရဲ့ခြံဝန်းထဲက ဘောလုံးကွင်းအသေးစားလေးထဲမှာ Free Kick စွမ်းရည်ကို ပြသသွားခဲ့ပြီး ဘောလုံးသုံးလုံးကို ဂိုးပေါက်ထဲ ကန်ပြခဲ့တာပါ။ ပထမတစ်လုံးက ဂိုးဘားတန်းကို ထိအောင် ကန်ပြသွားခဲ့ပြီး ဒုတိယနဲ့ တတိယဘောလုံးတွေကတော့ ဂိုးပေါက်ရဲ့ ဘယ်ဖက်ထောင့်နဲ့ ညာဖက်ထောင့်တွေကို တည့်မတ်အောင် ကန်ပြခဲ့တာကို တွေ့ခဲ့ရပါတယ်။
There’s a new freekick taker when we get back @trentaa98 pic.twitter.com/TyZiO3j9OG
— Andy Robertson (@andrewrobertso5) March 25, 2020