ဖိလစ်ပိုင်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆရာဝန် ၉ ဦး သေဆုံး

ဖိလစ်ပိုင်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆရာဝန် ၉ ဦး သေဆုံး

မတ် ၂၆

ဖိလစ်ပိုင်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆရာဝန် ကိုးဦး သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း ယင်းနိုင်ငံ၏ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းက မတ်လ ၂၆ ရက်တွင် ထုတ်ပြန်သည်။

လက်ရှိအချိန်တွင် ဆေးရုံများတွင်လည်း လူနာများဖြင့် ပြည့်နေသည်ဟု သိရသည်။ ထို့ပြင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသော လူနာများအား ကုသပေးရင်း ရှေ့တန်းကနေ အလုပ်လုပ်နေရသည့် ကျန်းမာ ရေးဝန် ထမ်းများအတွက်လည်း အကာအကွယ်ပေးမှု ကင်းမဲ့နေသည်ဟု ဆရာဝန်များက စောဒကတက်ခဲ့ကြသည်ဟု သိရသည်။

ယခုကဲ့သို့ ဆရာဝန်များ သေဆုံးမှု သတင်းကြောင့် ယင်းနိုင်ငံတွင် လက်ရှိ ကြုံတွေ့နေရသည့် ကျန်းမာရေး အကျပ်အတည်းသည် တာဝန်ရှိသူများ တရားဝင် ထုတ်ပြန်ထားမှုထက် ပိုမို ဆိုးရွားနေနိုင်သည့်အပေါ် စိုးရိမ် ပူပန်မှုများ မြင့်တက်စေခဲ့သည်။

ဖိလစ်ပိုင် အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ ယင်းနိုင်ငံတွင် လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၈ ဦး ရှိနေသည်ဟု သိရသည်။

လူပေါင်း ၅၅ သန်း နေထိုင်သည့် လူဇွန်ကျွန်းတွင်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရန် ဒုတိယအပတ်မြောက်အဖြစ် lockdown ချမှတ်ထားသည်။ သို့သော် ကူးစက်မှုဖြစ်စဉ်များမှာမူ မြင့်တက်နေကြောင်း ဆေး ဘက်ဆိုင်ရာ အမှုထမ်းများက သတိပေးလျက် ရှိသည်။

ဆရာဝန် ကိုးဦး ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ကျန်းမာရေးဝန်ထမ်းများအတွက် လုံလောက်သည့် အကာအကွယ်ပေးမှု မရရှိဘဲ ဖြစ်နေကြောင်း ဖိလစ်ပိုင် ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းက မတ်လ ၂၆ ရက်တွင် ထုတ်ပြန်သွားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly