မန္တလေးမဟာမုနိဘုရားကြီး ဘုရားဖူးချိန်ပြောင်းလဲ၊ ရွှေချခွင့်ကိုပါ ယာယီရပ်ဆိုင်း

မန္တလေးမဟာမုနိဘုရားကြီး ဘုရားဖူးချိန်ပြောင်းလဲ၊ ရွှေချခွင့်ကိုပါ ယာယီရပ်ဆိုင်း

မတ် ၂၆

မန္တလေးမဟာမုနိဘုရားကြီးတွင် ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကူးစက်မြန်ရောဂါကာကွယ်သည့်အေနျဖင့် ယနေ့(မတ် ၂၆ ရက်)မှစတင်ကာ ဘုရားဖူးအချိန်များ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရသည်။

"COVID-19နဲ့ ပတ်သက်ပြီးတော့ ရောဂါပိုးပြန့်ပွားတာကို ထိန်းသိမ်းတဲ့အနေနဲ့ဆောင်ရွက်ပါဆိုလို့ ကျွန်တော်တို့ ဆောင်ရွက်တယ်။"ဟု မဟာမုနိဘုရားကြီး ဂေါပက ဥက္ကဌ ဦးစိုးလင်းကပြောသည်။

ယခင်က ဘုရားဖူးချိန်ကို နံနက် ၅နာရီမှ ည ၈ နာရီးအထိ ဖူးမျှော်ခွင့်ပြုထားသော်လည်း သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ဘုရားဖူးချိန်ကို နံနက် ၉ နာရီမှညနေ ၄ နာရီအထိ ပြောင်းလဲသတ် မှတ်လိုက်ခြင်းဖြစ်သည်။

ထို့ပြင် အများပြည်သူအနေဖြင့် ဘုရားပေါ်တက်၍ ရွှေချရာတွင် ရွှေချသူအချင်းချင်း ထိတွေ့မှုများရှိနေခြင်း ကြောင့်   ဘုရားကြီးအားရွှေချခွင့်လည်း ကို ယာယီရပ်ဆိုင်းထားကြောင်း ဂေါပကဥက္ကဌ ဦးစိုးလင်း ကဆိုသည်။

"ရွှေဆပ်ကပ်တာကြတော့ ဒူးနားကပ်ချင်သူကြတော့လည်း ဒူးတော်နားမှာ နှစ်ယောက်သုံးယောက်ပြုံနေမယ်။ လက်မောင်းနားကပ်ချင်သူကလည်းပြုံနေမယ်ပေါ့။ဒီဟာက ပိုပြီးတော့ တစ်ယောက်နဲ့တစ်ယောက် နီးစပ်ထိ တွေ့ပြီးတော့ ပိုပြီးကူစက်နိုင်တာပေါ့။ဒါကြောင့် လောလောဆယ်တော့ ဂေါပကအစီအစဉ်နဲ့ပဲ သင်္ကြန်မတိုင် ခင်ထိ စောင့်ကြည့်ကာလသဘောမျိုးနဲ့ ခဏရပ်ဆိုင်းထားတဲ့ သဘောမျိုးပါပဲ။"ဟု ဦးစိုးလင်းကပြောသည်။

ဘုရားကြီးမျက်နှာသစ် မင်္ဂလာကိုမူ ပုံမှန်အတိုင်း ရေတော်ဆရာတော်က ဦးဆောင်ပြုလုပ်သွားမည်ဖြစ်ကြောင်း  မဟာမုနိဘုရားကြီး ဂေါပက ဥက္ကဌ ဦးစိုးလင်းက ပြောသည်။

ဂေါပကအဖွဲ့အနေဖြင့် ဘုရားကြီးဝင်ပေါက်၊ထွက်ပေါက်များတွင် အပူချိန်တိုင်းခြင်းနှင့် လက်သန့် စင်ပေးခြင်း တို့ကို ဆောင်ရွက်ပေးထားပြီး ဘုရားဖူးရန်အတွက်လည်း နေရာများသတ်မှတ်ပေးထားသည်။

လက်ရှိအနေထားတွင် ဘုရားဖူးလာရောက်သူ သိသိသာသာ လျှော့နည်းသွားသည်ဟု ဦးစိုးလင်းကဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly