မလေးရှားတွင် အကြမ်းဖက်အဖွဲ့နှင့် ချိတ်ဆက်သံသယရှိသူ ရှစ်ဦးအား ဖမ်းဆီး

မလေးရှားတွင် အကြမ်းဖက်အဖွဲ့နှင့် ချိတ်ဆက်သံသယရှိသူ ရှစ်ဦးအား ဖမ်းဆီး

မလေးရှားရဲများက အကြမ်းဖက်မှုနှင့် ချိတ်ဆက်ပတ်သက်မှုရှိသည်ဟု သံသယရှိသူ ရှစ်ဦးအား ဖမ်းဆီးထားကြောင်း နိုဝင်ဘာ ၂ ရက်က ကြေညာသည်။

အသက် ၂၂ နှင့် ၃၆ နှစ်ကြားရှိကြသည့် ၎င်းတို့အား ဆီလန်ဂေါ၊ ဂျိုဟိုးနှင့် ပီရတ်တို့တွင် အောက်တိုဘာ ၃၀ ရက်က တစ်ပြိုင်တည်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းထားသူများတွင် ခြောက်ဦးမှာ Tanzim Al Qaeda Malaysia အစွန်းရောက်အကြမ်းဖက်အဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည်ဟု သံသယရှိပြီး ကျန်နှစ်ဦးမှာ အစ္စလာမ်မစ်နိုင်ငံတော် အိုင်အက်စ်အဖွဲ့နှင့် ချိတ်ဆက်မှုရှိနိုင်သူများဖြစ်ကြောင်း သိရသည်။

အဆိုပါဖမ်းမိထားသူများတွင် အစိုးရဌာနတစ်ခုတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းနှစ်ဦးလည်း ပါဝင်သည်။Ref ; CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly