တရုတ်နှင့် ထိုင်း နယ်စပ်ဂိတ်များပိတ်ထားမှုကြောင့် မြိတ်ရေထွက်ကုန် ကင်းမွန်ဈေး သုံးပုံနှစ်ပုံအထိ ကျဆင်း

တရုတ်နှင့် ထိုင်း နယ်စပ်ဂိတ်များပိတ်ထားမှုကြောင့် မြိတ်ရေထွက်ကုန် ကင်းမွန်ဈေး သုံးပုံနှစ်ပုံအထိ ကျဆင်း

မြိတ်၊ မတ် (၂၅)

COVID-19 ရောဂါနှင့်ပတ်သက်၍ တရုတ်နှင့်ထိုင်းနယ်စပ်ဂိတ်များပိတ်လိုက်သည့်အတွက် မြိတ်ရေထွက်ကုန် တစ်မျိုးဖြစ်သော ကင်းမွန်ဈေးကွက်မှာ သုံးပုံ နှစ်ပုံအထိကျဆင်းလျှက်ရှိကြောင်း သိရသည်။

ယခင်က တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံ Export ဈေးကွက် ၂ ခုတွင် ကင်းမွန်အမျိုးအစား ဆိုက် (၁-၂-၃) မှာ ၁၂၀၀၀၀ကျပ် ပေါက်ဈေးရှိပြီး လက်ရှိမှာ ၄၀၀၀၀ကျပ်ခန့်သာရှိသည်။

COVID-19 စတင်ဖြစ်ပွားချိန်တွင် တရုတ်နယ်စပ်ဂိတ်ကိုပိတ်လိုက်သည့်အတွက်  ပြည်ပ Export တင်ပို့နေ သော ထိုင်းနိုင်ငံဈေးကွက်တစ်ခုကိုသာ ဦးတည်ပို့နေရသည်။
 
 “အခုက ဈေးကွက် ၂ ခုစလုံးက အရောင်း၊အဝယ်ရပ်တန့်နေတော့  ဝယ်လက်တွေပေးတဲ့ ဈေးနှိပ်ခံပြီး ရောင်းချ နေရတယ်”ဟု  မြိတ်ခရိုင်၊ကင်းမွန်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးဌေးလှိုင်က ပြောကြားသည်။

လက်ရှိတွင် တရုတ်နိုင်ငံမှနယ်စပ်ဂိတ်တချို့ ပြန်လည်ဖွင့်လှစ်သော်လည်း ဈေးမရခြင်းနှင့်ထိုင်းနိုင်ငံဘက်မှ လည်း နယ်စပ်ဂိတ်များ ပိတ်ခဲ့သည့်အတွက်  Export ဈေးကွက်များ မရှိတော့ခြင်းကြောင့် တွက်ခြေမကိုက် ဖြစ်နေကြောင်းလည်း  ကင်းမွန်လုပ်ငန်းရှင်များက ပြောဆိုနေသည်။

“ဟုတ်တယ်။အခု ကင်းမွန်ဈေးကွက်က ကျဆင်းသွားတယ်။ Export တင်ပို့နေတဲ့ နိုင်ငံ နှစ်နိုင် ငံက နယ်စပ်ဂိတ်တွေပိတ်လိုက်တော့ တော်တော်လေးကို အထိနာနေတယ်”ဟု  Mya Royal Linn ကင်းမွန် အဝယ်ဒိုင်မှမန်နေဂျာ ကိုအောင်ငြိမ်းချမ်းက ပြောဆိုသည်။

ထိုင်းနိုင်ငံတွင် COVID-19 ပြန့်ပွားမှုကို ထိန်းချုပ်ရန် ကြိုးပမ်းမှုတစ်ခုအနေဖြင့် တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေကြေညာရန် ပြင်ဆင်ထားသည်ဟု ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန် အိုချာက ယမန်နေ့က ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly