ရခိုင်ပြည်နယ်အရေးဆန္ဒထုတ်ဖော်ခဲ့သည့် ကျောင်းသားများ ထောင်ဒဏ် ၁လ ချမှတ်

ရခိုင်ပြည်နယ်အရေးဆန္ဒထုတ်ဖော်ခဲ့သည့် ကျောင်းသားများ ထောင်ဒဏ် ၁လ ချမှတ်

မတ်လ ၂၅

ရခိုင်ပြည်နယ်အရေးဆန္ဒထုတ်ဖော်မှုကြောင့် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ဖြင့် တရားစွဲဆိုခြင်းခံထားသည့် ကျောင်း သားများကို ယနေ့တွင် ကမာရွတ်မြို့နယ်တရားရုံးက ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ ကြောင်းသိရသည်။

ငြိမ်းစုစီပုဒ်မ ၁၉ အမှုဖြင့် ကိုနောင်ထက်အောင် ၊ ကိုအောင်ပြည့်စုံဖြိုး၊ကိုသုတစိုး၊ မနှင်း၊ ကိုဇော်ထက်နိုင်၊ ကိုသက်တင်အောင်၊မအေးမြတ်မွန်ကျော်တို့ ခုနှစ်ဦးကို ကမာရွတ်မြို့နယ်တရားရုံးတွင် တရားစွဲဆိုထားခြင်း ဖြစ်ပြီး တရားရုံးချိန်း သုံးချိန်းအပြီးတွင် ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

စတင်ချိန်းဆိုသည့် မတ်လ  ၁၂ ရက်နေ့တွင် ကျောင်းသားများနှင့် လုံခြုံရေးယူကြသည့် တာဝန်ကျရဲအရာရှိ များကြား ရုန်းရင်းဆန်ခက်ဖြစ်ပွားခဲ့သေးသည်။

လက်နက်ကြီးကျည်ကျေရာက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ရခိုင်ပြည်နယ်ရှိ မူလတန်းလွန်ကျောင်းမှ  ကျောင်းသား၊ကျောင်းသူ ၂၁ ဦး၏ ဖြစ်စဉ်အပါအဝင် လက်ရှိရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အရေးဖြစ် စဉ်များနှင့်ပတ်သက်ပြီး  ဗကသအဖွဲ့ဝင် ကျောင်းသားများ၊ ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကင်း ပညာရေးကောလိပ်၊ စီးပွားရေးတက္ကသိုလ်စသည့် တက္ကသိုလ်‌ကျောင်းများမှ တက္ကသိုလ်ကျောင်းသား ၁၀၀ ခန့်က အချက်သုံးချက်ကို အဓိကထားကာ ဆန္ဒထုတ်ဖော်မှုတစ်ခုကို ဖေဖော်ဝါရီ ၂၃ ရက် ညနေပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ဆန္ဒထုတ်ဖော်ရာတွင် သက်ဆိုင်ရာနယ်မြေများသို့ ကြိုတင်အကြားခြင်းမျိုးမရှိခြင်းကြောင့် ဖေဖော်ဝါရီ ၂၄ ရက်၊နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ်ရဲစခန်းမှ ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly