ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး မက်ဆီကလည်း ဘာစီလိုနာမြို့ရဲ့ ပြည်သူ့ဆေးရုံကို ယူရို(၁)သန်း လှူဒါန်းလိုက်ပါပြီ။ ဘာစီလိုနာဆေးရုံဟာ သူတို့ရဲ့ တရားဝင် တွစ်တာအကောင့်မှာ မက်ဆီရဲ့ လှူဒါန်းမှုကို ဖော်ပြသွားခဲ့ပြီး ဆေးရုံအတွက် အရေးကြီးတဲ့ ကူညီပေးမှု ဖြစ်ကြောင်း ရေးသားသွားခဲ့တာပါ။
Leo Messi hace una donación para la lucha contra la #Covid19 en el #CLÍNIC. Muchas gracias Leo, por tu compromiso y tu apoyo. @idibaps #Covid19 #YoMeQuedoenCasa
https://t.co/crwjKOSBdU pic.twitter.com/P1cqEeNLgD— Hospital CLÍNIC (@hospitalclinic) March 24, 2020
မက်ဆီရဲ့ ဘာစီလိုနာနည်းပြဟောင်း ဂွာဒီယိုလာ ကလည်း Covid-19 အတွက် ကျန်းမာရေးအထောက်အပံ့တွေ ဝယ်ယူနိုင်ဖို့ ယူရို(၁)သန်း ကို ဘာစီလိုနာမှှာပဲ လှူဒါန်းခဲ့ပါသေးတယ်။ ဂွာဒီယိုလာ က Angel Soler Daniel ဖောင်ဒေးရှင်းနဲ့ ချိတ်ဆက်လို့ ယူရို(၁)သန်း လှူခဲ့တာဖြစ်ပြီး အဲဒီဖောင်ဒေးရှင်းက စပိန်နိုင်ငံတွင်းက ဆေးရုံတွေမှာ Covid-19 အတွက် လိုအပ်တဲ့ ဆေးပစ္စည်းတွေကို ကူညီပေးနေတာပါ။
Messi, Guardiola donate $1.08 million each to coronavirus battle https://t.co/0y5BRVIZpZ pic.twitter.com/4EReAoBJUl
— Reuters (@Reuters) March 25, 2020
တစ်ဖက်မှာလည်း ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ သူ့ရဲ့အေးဂျင့် ဂျော့ချ်မန်းဒက်စ်တို့က လစ္စဘွန်းနဲ့ပေါ်တိုမြို့က ဆေးရုံတွေအတွက် ယူရို(၁)သန်း လှူဒါန်းထားခဲ့တာပါ။
လက်ရှိအချိန်မှာတော့ စပိန်နိုင်ငံအတွင်းမှာ Covid-19 ကြောင့် သေဆုံးသူ (၂၉၉၁)ဦးအထိ မြင့်တက်လာခဲ့ပြီး ရောဂါ ကူးစက်ခံထားရသူပေါင်း (၄၂၀၅၈)ယောက် ရှိနေခဲ့တာပါ။
Cristiano Ronaldo & Agent Jorge Mendes donate over €1m to fight against coronavirus in Portugal. pic.twitter.com/Y5NYZJowzs
— Forza Juventus (@ForzaJuveEN) March 24, 2020
Covid-19 ကြောင့် စပိန်နိုင်ငံတွင်းကဘောလုံးပွဲစဉ်တွေကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားခဲ့ရပြီး နိုင်ငံတွင်းမှာ နေထိုင်သူတွေကိုလည်း နေအိမ်ထဲမှာ နေထိုင်ဖို့ ဝန်ကြီးချုပ်က ညွှန်ကြားထားခဲ့ပါတယ်။
မက်ဆီဟာ သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ အာဂျင်တီးနားနိုင်ငံ၊ ရိုဆာရီယို မှာလည်း နောက်ထပ် ယူရို(၁)သန်း လှူဒါန်းဖို့ စီစဉ်နေတယ်လို့ သိရပြီး ရိုဆာရီယိုဆေးရုံကို လှူဒါန်းသွားဖို့ရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
လက်ရှှိအချိန်မှာတော့ ဘောလုံးသမားတွေဟာ သူတို့တတ််နိုင်တဲ့ဖက်ကနေ Covid-19 ကို တိုက်ဖျက်ဖို့ ကူညီပေးနေကြပြီး ဆိုရှယ်မီဒီယာတွေပေါ်ကနေလည်း လက်ဆေးကြဖို့နဲ့ နေအိမ်အတွင်းမှာပဲ နေထိုင်ကြဖို့ လှုံ့ဆော်ပေးနေကြပါတယ်။
Messi’s toilet roll challenge
Ronaldo’s hand washing session
Hakimi’s hilarious prank10 ways that players are dealing with coronavirus lockdown pic.twitter.com/812dGGINrE
— Goal (@goal) March 24, 2020