COVID-19 အသိပညာပေး စမ်းချောင်းမြို့နယ်တွင် ကားဖြင့် လိုက်လံဆော်ဪနေ

COVID-19 အသိပညာပေး စမ်းချောင်းမြို့နယ်တွင် ကားဖြင့် လိုက်လံဆော်ဪနေ

ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ် (ခေါ်) COVID-19 ရောဂါ အသိပညာပေးခြင်းကို စမ်းချောင်းမြို့နယ် ဝေဠုဝန်မြောက်ရပ်ကွက် အရန်မီးသတ်မှ တပ်စုမှူး ကိုရဲသူရိန်က ဦးဆောင်ပြီး စမ်းချောင်းမြို့နယ်တွင်ရှိသည့် ရပ်ကွက်များအတွင်းမှာ ကားတစ်စီးဖြင့် လိုက်လံ ဆော်ဪနေသည်ကို တွေ့ရသည်။

အဆိုပါ COVID-19 ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းကို စမ်းချောင်းမြို့နယ်အတွင်းရှိ ဝေဋ္ဌုဝန်ရပ်ကွက်၊ မုန့်လုပ်ဆောင်ကုန်းရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်၊ ဟုမ်းလမ်း၊ သီရိခေမာရပ်ကွက်၊ စမ်းချောင်းလမ်းနှင့် လင်းလွန်းရပ်ကွက် တလျှောက်တွင် ကားတစ်စီးဖြင့် မတ်လ ၂၄ ရက် ညပိုင်းက လိုက်လံဆောင်ရွက်နေသည်။

ကိုရဲသူရိန်က "ဒီ COVID-19 ရောဂါကို မြန်မာနိုင်ငံမှာ နှစ်ယောက်တွေ့ရှိတာနဲ့ပတ်သက်လို့ အတော်ကို စိုးရိမ်ထိတ်လန့်နေကြတယ်ပေါ့နော်။ ကျွန်တော်ကတော့ စမ်းချောင်းမြို့နယ်ထဲက ပြည်သူတွေစိုးရိမ်ထိတ်လန့်မှု မဖြစ်ဖို့အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ တချို့မသိသေးတဲ့သူရှိမယ်။ အဲ့တော့ ပညာပေးချင်တာနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးကိုတင်ပြပြီး သူ့ရဲ့ညွှန်ကြားချက်အတိုင်း လိုက်လံပြီးတော့ဆော်ဪနေတာဖြစ်ပါတယ်"ဟု ပြောသည်။

ကျန်းမာရေးနှင့် ‌အားကစားဝန်ကြီးဌာန၏ မတ်လ ၂၄ ရက်နေ့ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံမှ ‌ရန်ကုန်အပြည်ပြည်ဆိုင်ရာ‌ လေဆိပ်သို့ ပြန်ရောက်လာသည့် လူများထဲမှ အသက် ၆၁ နှစ်အရွယ် အမျိုးသာတစ်ဦးမှာ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ အစာအိမ်ကင်ဆာရောဂါတို့ကြောင့် ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ကုသမှုခံယူလျက်ရှိကြောင်း၊ ထိုအမျိုးသားမှာ စမ်းချောင်းမြို့နယ်တွင် နေထိုင်ကြောင်း သိရသည်။

ယခုလို ပြည်သူလူထု အသိပညာပေး လှုံ့ဆော်ခြင်းများကို ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းမတိုင်မီနှင့် နာဂစ်မုန်တိုင်းအပြီးမှာလည်း လုပ်ဆောင်ခဲ့ခြင်းမျိုးရှိခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly