အသိုင်းအဝန်းတစ်ရပ်လုံး ဘေးကင်းလုံခြုံစေရန်အလို့ငှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောင်းသည် အွန်လိုင်းသင်ကြားသင်ယူမှု အစီအစဉ်များသို့ တိုးမြင့်သင်ကြား

အသိုင်းအဝန်းတစ်ရပ်လုံး ဘေးကင်းလုံခြုံစေရန်အလို့ငှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောင်းသည် အွန်လိုင်းသင်ကြားသင်ယူမှု အစီအစဉ်များသို့ တိုးမြင့်သင်ကြား

(Advertorial) ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာလျက် ရန်ကုန်အပြည်ပြည်ဆိုင်ရာကျောင်း (YIS) သည် သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျောင်းဆောင်များကို ပိတ်ထားပြီး ကျောင်းသူ၊ ကျောင်းသားများသည် စဉ်ဆက်မပြတ်သင်ယူရေးအစီအစဉ်အတိုင်း အွန်လိုင်းမှတဆင့် သင်ကြားသင်ယူသွားမည်ဟု ၂၀၂၀ခုနှစ်၊ မတ်လ(၁၇)ရက် က ကြေငြာသွားပါသည်။

COVID-19 သည် ကမ္ဘာအနှံ့ဖြစ်ပွားသည့်ကပ်ရောဂါတစ်ရပ်ဖြစ်သည်ဟု မတ်လ(၁၁)ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှကြေငြာ ပြီးသည့်နောက်တွင် ကမ္ဘာတစ်ဝန်းရှိအစိုးရများ၊ ပုဂ္ဂလိကကျောင်းများမှ အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြန်ကြားချက်များကို ထုတ်ပြန်ခဲ့ပါသည်။ အစိုးရနှင့်အပြည်ပြည်ဆိုင်ရာ ကျောင်းများသည် ကြိုတင်လက်ဦးမှုရယူပြီး အများ ပြည်သူကျန်းမာဘေးကင်းစေရန်နှင့် ကျောင်းသူ၊ကျောင်းသားများ တတ်နိုင်သမျှ တည်ငြိမ်အေးချမ်းစွာ သင်ယူနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်လုပ်ဆောင်ထားပါသည်။ အရင်ကြုံတွေ့ခဲ့ဘူးသည့် အဝေးသင်ပညာရေးသင်ကြားမှုများနှင့်မတူဘဲ စဉ်ဆက်မပြတ်သင် ယူမှုအစီအစဉ်တွင် အွန်လိုင်းအပ်ပလီကေးရှင်းများကိုအသုံးပြုပြီး အတန်းပိုင်ဆရာ၊ဆရာမများ၊ ဂီတ၊ အားကစား၊ သတင်းနှင့်ဆက်သွယ် ရေးနည်းပညာ၊ ကွန်ပြူတာအစရှိသော အထူးဘာသာရပ်များကို သင်ကြားသည့် ဆရာ၊ဆရာမများနှင့် အတန်းရှိကျောင်းသူ၊ ကျောင်းသား များအားလုံးတစ်ပြိုင်နက် တွေ့ဆုံဆွေးနွေးသင်ကြား သင်ယူသည့်အတန်းများ (Live Synchronous Classes)၊ ကျောင်းသူ၊ ကျောင်းသား များ ကိုယ်တိုင်ပြီးမြောက်အောင် ဆောင်ရွက်ရသည့်သင်ခန်းစာများ စသည်တို့ကိုပေါင်းစပ်ထားပါသည်။ ဤသင်ကြားမှု နည်းစနစ်ကိုအသုံးပြုပြီး ဆရာ၊ ဆရာမများသည် မိမိတို့၏ကျောင်းသူ၊ကျောင်းသားများနှင့်ဝေးကွာမသွားရန်၊ သူတို့၏ ပညာရေး၊ လူမှုရေး၊ စိတ်ပိုင်းဆိုင်ရာ စသည်တို့နှင့်ပတ်သက်သောအကြောင်းအရာများကိုချိန်ညှိပေးရန်နှင့် တစ်ဦးချင်းစီ၏လုပ်ဆောင်ချက်များအပေါ် အကြောင်းပြန် လမ်းညွှန်ပေးပြီး အားပေးကူညီပံ့ပိုးရန် စသောအချက်များကို လိုအပ်သလိုပြုလုပ်ပေးနိုင်မည်ဖြစ်ပါသည်။ YIS ရှိကျောင်းသူ၊ကျောင်းသားများ၊ ဆရာ၊ဆရာမများသည် အွန်လိုင်းကိုအသုံးပြု၍ စဉ်ဆက်မပြတ်သင်ယူမည့် အစီအစဉ်တွင်အသုံးပြုသည့် အပ်ပလီကေးရှင်းများ၊ ဆက်သွယ်မှု နည်းစနစ်များကို ပုံမှန်အသုံးပြုလေ့ကျင့်ထားကြပါသည်။ ထို့ကြောင့်ယခုအခြေအနေမျိုးအတွက် YIS သည်လွန်ခဲ့သည့် ရက်သတ္တပတ်ပေါင်းများစွာကပင်ကြိုတင်၍ ပြင်ဆင်ထားနှင့်ပြီး ဖြစ်ပါသည်။

ကမ္ဘာတစ်ဝန်းရှိအပြည်ပြည်ဆိုင်ရာကျောင်းများသည် နိုင်ငံအသီးသီးတွင် COVID-19 ကပ်ဘေးအန္တရာယ်ကို ရင်ဆိုင် ဖြေရှင်းရန်အတွက် ဆောင်ရွက်ရာတွင် YIS ကျောင်းသည်လည်း International Schools Services ၏အဖွဲ့ဝင်ကျောင်းတစ်ကျောင်း ဖြစ်သည်နှင့်အညီ အကောင်းဆုံးသောအလေ့အထများ၊ အစီအမံများကို တိုးမြင့်လုပ်ဆောင် ထားပါသည်။ ကျောင်းအတွင်းသို့ဝင်ရောက်ခွင့်ရရန် အတွက် ကိုယ်အပူချိန်တိုင်းစစ်ဆေးခြင်းကို တိကျတင်းကျပ်စွာ စစ်ဆေးခြင်း၊ ပိုးသတ်သန့်ရှင်းရေးအစီအမံများ၊ ခရီးသွားမှတ်တမ်းများနှင့် ပတ်သက်၍ တိကျတင်းကျပ်စွာ စစ်ဆေးခြင်း စသည်တို့ကိုရက်သတ္တပေါင်းများစွာ လုပ်ဆောင်ခဲ့ပါသည်။ ယင်နောက်မှ အွန်လိုင်းမှတဆင့် စဉ်ဆက်မပြတ် သင်ယူရေးအစီအစဉ်ကိုစတင်ခဲ့ခြင်းဖြစ်ပါသည်။ ကျောင်းသူ၊ကျောင်းသားများ ကျန်းမာစေရန်၊ မိသားစုများအားလုံး ဘေးကင်းလုံခြုံစေရန်အတွက် မိဘများနှင့်ဆရာ၊ဆရာမများတွေ့ဆုံ၍ ဖေဖော်ဝါရီလ မှစတင်ကာကျင်းပမည်ဖြစ်သည့်  ကြိုတင်စီစဉ်ထားပြီး လူများစွာပါဝင်ဆင်နွှဲမည့် ကျောင်းပွဲလမ်းသဘင်များနှင့် အားကစားပွဲများကို ဖျက်သိမ်းခြင်းတို့အပါအဝင် အခြားသောဖြစ်နိုင်မည့်အခြေအနေအရပ်ရပ်ကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။ 

ကျောင်းဆောင်များပိတ်ရခြင်းနှင့် ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုများတတ်နိုင်သမျှနည်းပါးစေရန် အတွက် အွန်လိုင်းတွင် စဉ်ဆက်မပြတ်သင်ယူရေးအတွက်ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်ထားပါသည်။ အကြံပြုဆွေးနွေး၊ လမ်းညွှန်ပေးသည့် ဆရာ၊ ဆရာမများ၊ အထောက်အကူပြု၍ကူညီပေးမည့်ကျွမ်းကျင်သူများသည် ကျောင်းသူ၊ ကျောင်းသားများ၊ မိသားစုများ အတွက်အဆင်သင့် ဆက်လက်ရှိနေမည်ဖြစ်ပါသည်။ ကျောင်း၏ စီမံမှုဌာနနှင့် ကျောင်းဝင်ခွင့်ရုံးခန်းများလည်း ဆက်လက်ဖွင့်လှစ် ထားပါသည်။ YIS ကျောင်း သို့လာရောက်ကြည့်ရှုလေ့လာလိုသည့် ရန်ကုန်မြို့နှင့် အခြားနိုင်ငံရပ်ခြားမှမိသားစုများအတွက် အွန်လိုင်းမှတဆင့်ကြည့်ရှုနိုင်သည့် Virtual Tours အစီအစဉ်များကို ဆောင်ရွက်ထားပါသည်။ ကျောင်းဝင်ခွင့်အတွက် လုပ်ဆောင်ရမည့် အစီအစဉ်များကို အွန်လိုင်းမှတဆင့် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အကယ်၍ ကျောင်းသို့လူကိုယ်တိုင်လာရောက်လေ့လာကြည့်ရှုလိုသည့် ဧည့်သည်များအားလုံးသည် မိမိခရီးထွက်ခဲ့သည့်မှတ်တမ်းကိုတင်ပြခြင်း၊ ကိုယ်အပူချိန်တိုင်းတာစစ်ဆေးမှုကိုခံယူခြင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ညွှန်ကြားချက်တို့နှင့်အညီ လိုက်နာ ဆောင်ရွက်ရန် လိုအပ်ပါသည်။

ရန်ကုန်မြို့တွင် အပြည်ပြည်ဆိုင်ရာပညာရေးလောကကို ဦးဆောင်နေပြီးသားဖြစ်သော (၁၆) နှစ်သက်တမ်းရှိပြီဖြစ်သည့် ကျောင်းတစ်ကျောင်းအနေဖြင့် YIS သည် ကျောင်းလူမှုဝန်းကျင်အားလုံးနှင့် ကိုက်ညီမည့်သင်ကြားမှုစနစ်တစ်ခုကို တည်ဆောက်ရန် အရေးကြီးသည်ဆိုသည်ကို သိရှိပါသည်။ နည်းပညာတွင် အကျိုးကျေးဇူးများစွာရှိသကဲ့သို့ စိန်ခေါ်မှုများလည်း ရှိသည်ဆိုသည်ကို YIS ကျောင်းအနေဖြင့်သိရှိထားပါသည်။ ကျောင်းတာဝန်ရှိသူများမှ ဆရာ၊ဆရာမများ၊ ကျောင်းသူ၊ကျောင်းသားများ၊ မိဘများထံသို့ စဉ်ဆက်မပြတ်သင်ယူမှုအတွေ့အကြုံများနှင့်ပတ်သက်ပြီး သဘောထား စစ်တမ်းများကောက်ခံခြင်းများကိုပုံမှန်ပြုလုပ်သွားမည်ဖြစ်ပြီး ရရှိလာသော ရလဒ်များကိုပြန်လည်သုံးသပ်ကာ အားလုံးအတွက်အကျိုးရှိမည့် ပုံစံတစ်ခုကိုဖော်ဆောင်သွားရန်ရည်ရွယ်ပါသည်။ သင်ကြားသင်ယူ မှုကိုမြတ်နိုးပြီး မိမိတို့ကိုယ်တိုင်စဉ်ဆက်မပြတ်သင်ယူလေ့လာနေသည့် ဆရာ၊ဆရာမများရှိသည့်အခါတွင် ကျောင်းသူ၊ကျောင်းသား များသည် အကောင်းဆုံးသင်ယူကြသည်ဟု ကျောင်းအနေဖြင့်ယုံကြည်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly