လာအိုနိုင်ငံသားနှစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေ့ရှိ

လာအိုနိုင်ငံသားနှစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေ့ရှိ
Photo  - AFP

မတ်လ ၂၄။              ။ မြန်မာ့အိမ်နီးချင်း လာအိုနိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ နှစ်ဦးကို တွေ့ရှိကြောင်း လာအိုကျန်းမာရေးဝန်ကြီးဌာနက အင်္ဂါနေ့က ထုတ်ပြန်လိုက်ရာ အရှေ့တောင်အာရှ နိုင်ငံ အကုန်လုံးတွင် ကူးစက်ခံရမှုဖြစ်လာတော့သည်။

ဒုတိယကျန်းမာရေးဝန်ကြီး Phouthone Moungpak က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားရာတွင် COVID-19 ကူးစက်ခံရသူ နှစ်ဦးလုံးမှာ လာအိုနိုင်ငံသားများဖြစ်ပြီး ပြည်ပမှတဆင့် ကူးစက်ခံရခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။

ကူးစက်ခံရသူတစ်ဦးမှာ ဧည့်လမ်းညွှန်အမျိုးသမီးဖြစ်ပြီး လာအိုမြောက်ပိုင်းဒေသနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သို့ ခရီးသွားခဲ့သည်ဟု ဆိုသည်။

အခြားကူးစက်ခံထားရသူတစ်ဦးမှာ ထိုင်းနိုင်ငံသို့ သင်တန်းသွားရောက်တက်ခဲ့သော ဟိုတယ်ဝန်ထမ်းအမျိုးသားဟု ပြောသည်။

နှစ်ဦးလုံးကို အနီးကပ်စောင့်ကြည့် စစ်ဆေး Quarantine လုပ်ထားသည်ဟု လာအိုကျန်းမာရေးအာဏာပိုင်များက ပြောသည်။
 
အရှေ့တောင်အာရှ ၁၀ နိုင်ငံတွင် လာအိုသည် COVID-19 ကူးစက်မှု နောက်ဆုံးခံရသော နိုင်ငံဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly