နိုင်ငံတကာ မူးယစ်ရာဇာကြီးများ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးထုတ်လုပ်နေဟု တပ်မတော်ပြော

22 March 2020
နိုင်ငံတကာ မူးယစ်ရာဇာကြီးများ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးထုတ်လုပ်နေဟု တပ်မတော်ပြော

နေပြည်တော်၊ မတ်လ ၂၂

နိုင်ငံတကာမှာရှိသည့် မူးယစ်ရာ မူးယစ်ရာဇာကြီးများအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ နယ်မြေအတွင်း၌ ၎င်းတို့၏အကာအကွယ်ကိုယူပြီး မူးယစ်ဆေးဝါးအမြောက်အမြားကိုထုတ်လုပ်နေသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားလိုက်သည်။

“နိုင်ငံတကာမှာ ရှိတဲ့ မူးယစ်ရာဇာတွေအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ရဲ့ နယ်မြေတွေ အတွင်းမှာ ၎င်းတို့ရဲ့ အကာအကွယ်ကို ရယူပြီးကာမှ မူးယစ်ဆေးဝါးအမြောက်အမြား ထုတ်လုပ် လျက်ရှိပါတယ်။ ဒီထွက်ရှိလာတဲ့ မူးယစ်ဆေးဝါးတွေကို ပြည်ပနိုင်ငံတွေကို ပင်လယ် ရေလမ်းကြောင်းမှ ကနေပြီးကာမှ တဆင့် သယ်ယူပို့ဆောင်တာကို တွေ့ရှိရပါတယ်” ဟု ၎င်းကပြောသည်။

မတ်လ ၂၂ရက်နေ့က နေပြည်တော်ရှိစစ်သမိုင်းပြတိုက်တွင် တစ်လတစ်ကြိမ်ပုံမှန်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မည်သည့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဆိုသည်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။

ရိုက်ကူး-သန်းထိုက်အောင်၊ တည်းဖြတ်-အောင်မြတ်သူ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly