ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် တလွဲအယူမသီးနဲ့

ရန်ကုန်၊မတ်လ ၂၂။               ။ အခု မြန်မာပြည်မှာ မရောက်သေးဘူး၊ ထူးဆန်းတယ်ပေါ့။ နိုင်ငံက ပူလို့ဖြစ်မယ်၊ ဘာသာတရား ကိုင်းရှိုင်းလို့ ဖြစ်မယ်၊ ဘာကြောင့်၊ ညာကြောင့်ဖြစ်မယ်ဆိုပြီး ဖြေတွေးနေလို့ မပြီးပါဘူး။

ငါတို့ ဘာပြင်ဆင်ထားရမလဲ၊ ဘယ်လို လိုက်နာပြီး ကာကွယ်မလဲ၊ ဒီကပ်ရောဂါဟာ ကမ္ဘာမှာ တကယ်ဖြစ်နေ တာ ပါလား၊  ကိုယ့်ရပ်ကွက်ထဲ လမ်းထဲရောက်လာနိုင်တဲ့ရောဂါ (ရောက်နေလားတောင်မသိ)လို့ သေသေ ချာချာ အမှတ်နဲ့ နေစေချင်တယ်။

လုပ်ရမှာကတော့ အတက်နိုင်ဆုံး အိမ်မှာနေဖို့၊ မလိုဘဲ လူစုလူဝေးကြား မသွားဖို့ ၊နှာချေ ချောင်းဆိုးရင် တံတောင် သို့မဟုတ် တစ်ရှူးနဲ့ ပိတ်ပြီးဆိုးဖို့၊ ဘတ်စ်ကားသံတန်း၊ အများသုံး အိမ်သာတံခါး ၊ဘေစင်၊ စက်လှေ ခါး လက်တန်း၊ ဓာတ်လှေခါး နှိပ်ခလုတ် ပိုက်ဆံ၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် ခုံစားပွဲတွေကို ထိတွေ့ ပြီးရင် Hand sanitizer သုံး ဆပ်ပြာသုံး လက်ဆေးဖို့ မပျက်မကွက် သတိလေးထားပြီး အားလုံး လုပ်စေချင်ပါ တယ်။

ဈေးတွေ ဝယ်ထားတာကလည်း ပြင်ဆင်မှုတွေ ဖြစ်ပေမယ့် တကယ့်ကို ကိုယ့်အိမ်၊ ကိုယ့်မိသားစု၊ ကိုယ့်အမျိုး၊ ကိုယ့် သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက် ကိုယ့်ဝန်ထမ်းတွေအထိ မရောက်လာစေချင်ရင် လူတိုင်းမှာ တာဝန်ရှိ ပါတယ်။

စဉ်းစားကြည့်လေ သံသယရှိပြီဆိုတာနဲ့ ၁၄ ရက် ခွဲနေရမယ်၊ အလုပ်တွေ စပျက်ပြီ စိတ်ဓာတ်တွေကျပြီ စိုးရိမ် သောကတွေ ဖြစ်ရပြီ၊ မိသားစုနဲ့ ခွဲနေရပြီ။ ဒီလိုတွေ မဖြစ်အောင် အခုကတည်းက လုပ်ရမယ့်အရာ လိုက်နာရ မယ့် အရာတွေကို သေသေချာချာ အလေးအနက်ထားပြီး လုပ်စေချင်တယ်။

အဆိုးဆုံးဖြစ်ခဲ့တဲ့ တရုတ်ပြည်နဲ့ ဖြစ်နေစဲ အီတလီက နမူနာတွေကြည့်ပြီး ကိုယ့်အနားမှာ အနိဋ္ဌာရုံတွေ မလာ သေးခင် ကျမ်းမာရေးက ညွှန်ကြားထားတာတွေ လိုက်နာ ပေးကြပါ။ အစိုးရက အမိန့် မထုတ်သေးတာ၊ ငါတို့ ဘာစိုးရိမ်စရာရှိလဲ ဆိုပြီး မပေါ့ကြပါနဲ့၊ ကိုယ့်တာဝန် ကိုယ်ကျေကြပါ၊ အခု သတင်းတွေမှာ ကြည့်လိုက်ရင် ဒီ ကပ်ရောဂါဟာ ကောလာဟလ မဟုတ်ဘူး တကယ်ဖြစ်နေတာတွေ။

မလိုဘဲ ကူးသန်းသွားလာနေတာ၊ မရောက်ဘူး၊ မဖြစ်ဘူးဆိုပြီး ပျော်ပွဲရွှင်ပွဲတွေ မလုပ်ကြပါနဲ့တော့။ နောင် အေးဆေး ပျော်လို့ရပါတယ်၊ အပျော်ခရီးသွားတာ၊ ဘုရားဖူးတာတွေလည်း  ရက်ရွေ့လိုက်ပေါ့။ ရပ်ကွက်က ပိုက်ဆံစုပြီး တစ်နှစ်တစ်ခါ ဘုရားဖူးသွားတဲ့ ကိစ္စတွေလည်း အဖွဲ့ခေါင်းဆောင်တွေက အမြင်ရှိရှိနဲ့ ရက်ရွေ့ သင့်တယ်။ တချို့က ပိုက်ဆံတွေ သွင်းထားပြီးသား ဆုံးမှာစိုးလို့ သွားဖို့ လုပ်နေကြတုန်း၊ ပိုက်ဆံဆုံးတာ လူ ဒုက္ခ ရောက်တာထက် အများကြီး တော်ပါသေးတယ်။

နောင်လည်း ဒီနေရာတွေ တသက်လုံး ရှိနေအုံးမှာပဲ၊ သူငယ်ချင်းတွေ စုပြီးလုပ်တဲ့ ပါတီပွဲတွေလုပ်ပြီး  ငါတို့ ကိုရိုနာဗိုင်းရပ်စ်(ခေါ်) COVID-19 မကြောက်ဘူးလို့ ပေါ့ပေါ့ဆဆ မနေသင့်ဘူး။ အီတလီမှာ ဒီမိုကရက်တစ် ပါတီ ခေါင်းဆောင် ဘားတစ်ခုသွား၊ သူ့ လုပ်ဖော်ကိုင်ဘက်တွေနဲ့ အရက်ခွက် Cheers လုပ်တဲ့ပုံ တင်ပြီး ငါတို့ လုပ်နေတာတွေ ဒီရောဂါကြောင့် မပျက်စေနဲ့ ၊  မီလန်နဲ့အီတလီကို ရပ်တန့်လို့ မရဘူးလို့  Instagram မှာ တင်ပြီး ကိုးရက် ကြာတော့ သူကိုယ်တိုင် ရောဂါ အကူးခံ လိုက်ရတယ်။  

အရင် တစ်ပတ်နဲ့ အခုတစ်ပတ်တောင် မတူတော့ဘူး၊ နောက်နှစ်ပတ်ကို ပြောလို့ရမလား။ သူများနိုင်ငံမှာ Toilet paper တွေ တိုးဝှေ့ဝယ်နေတုန်း ကိုယ်တွေ အေးအေးဆေးဆေး နေနိုင်ခဲ့တယ်။ နောင်ကျတော့ ကိုယ်တွေလည်း လန့်ဖျပ်မှု (Panic buying)တွေ ဖြစ်လာရော။

အခုဆို သံသယလူနာတွေ ကူးလာပြီ၊ Suspect တွေပေါ်လာပြီ။ သူများ ဒုက္ခရောက်နေတာ လူတွေ သေနေတာ တွေကို မေတ္တာစိတ်နဲ့ ကြည့်ပြီး သင်ခန်းစာယူ ပြင်ဆင်ကြပါ။ သတိဝီရိယ ကြီးကြီးနေကြပါ။ ကမ္ဘာရဲ့ ကပ်ဘေး ခံစား နေကြတဲ့ လူတွေအတွက် မေတ္တာတရားလေးနဲ့ ဆုတောင်းပေးကြပါ။

သတိမေ့လျော့ မနေကြပါနဲ့၊ ဖြစ်လာရင် ကိုယ့်နိုင်ငံမှာ အသေအပျောက် နည်းနိုင်သမျှ နည်းအောင် မကူးစက် အောင် ကြိုးစားကြပါ၊ နောင်တ မရစေချင်ဘူး။ ကိုယ်မိ့သားစု၊ ဆွေမျိုးတွေ ကိုယ့်မိတ်ဆွေတွေအတွက် ကိုယ်က ဦးဆောင် နမူနာကောင်းနဲ့ နေပြရင်း ဒီ virus ကို တိုက်ရအောင်။

Responsible human being တွေ ဖြစ်နိုင်ကြပါစေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly