Mobile Gaming အတွက် realme 6i နှင့်ဆို Mythic အထိ အထစ်အငေါ့မရှိ သွားနိုင်ပြီ

Mobile Gaming အတွက် realme 6i နှင့်ဆို Mythic အထိ အထစ်အငေါ့မရှိ သွားနိုင်ပြီ

realme Myanmar ကအသစ်မိတ်ဆက်ပေးထားသည့် ကမ္ဘာ့ပထမဆုံး Helio G80 Processor ပါဝင်သော realme 6i စမတ်ဖုန်းသစ်ကို ယခုအချိန်တွင် ငွေကျပ်သုံးသောင်းပေးသွင်းကာ ကြိုတင် Pre-order များမှာယူနိုင်ပြီဖြစ်သည်။ လက်ရှိတွင် RAM 4GB+ROM 128GB version တစ်မျိုးတည်းကိုသာ ကြိုတင်မှာယူနိုင်ပြီး စျေးနှုန်း ၂၉၉,၉ဝဝ ကျပ်ဖြင့် မတ်လ ၂၉ရက်မှစတင်ကာ တစ်နိုင်ငံလုံးတွင် စတင်ရောင်းချပေးသွားမည်ဖြစ်သည်။  လက်ရှိတွင် Pre-order မှာယူသူများအနေဖြင့် realme Brand T-shirt နှင့် Mini Bluetooth Speaker တို့ပါဝင်သည့် Gift-set box ကိုလက်ဆောင်အဖြစ်ရရှိနိုင်မည်ဖြစ်သလို realme Myanmar Facebook Page အောက်ရှိ Pre-order post အောက်တွင် သက်ဆိုင်ရာ ကြိုတင်မှာယူထားသည့် ကဒ်ကို ဓာတ်ပုံရိုက်ကာ comment အဖြစ်ပြသပါက နောက်ထပ် realme 6i တစ်လုံးကိုပါ ဆက်လက်ကံထူးနိုင်မည်ဖြစ်ပြီး စုစုပေါင်း ကံထူးရှင် ၃ဦးအထိရွေးချယ်ပေးသွားမည်ဖြစ်သည်။ RAM 3GB+ROM 64GB version ကိုမူ ဧပြီလအတွင်းမှစတင်ကာ တိုက်ရိုက်ရောင်းချပေးသွားရန်စီစဉ်ထားသည်။ 

လက်ရှိတွင် realme 6i စမတ်ဖုန်းကို Gamer များဖြစ်ကြသည့် Original Matt ၊ Ingyin နှင့် Kee တို့က လက်တွေ့စမ်းသပ်ကစားထားကြပြီး ၄င်းတို့၏ Gaming အတွေ့အကြုံကောင်းများကိုပါ ပြန်လည်ဝေမျှပေးထားကြသည်။ realme 6i နှင့်ပတ်သက်၍ ၄င်းတို့နှစ်သက်သဘောကျသည့်အချက်များမှာ ကြီးမားသည့် 6.5-inch မျက်နှာပြင်ပါဝင်ခြင်း၊ စွမ်းဆောင်ရည်မြင့်မားသည့် Helio G80 Processor ပါဝင်ခြင်း၊ 

ဂိမ်းများကိုကြာကြာကစားနိုင်စေမည့် 5000mAh Battery ပါဝင်ခြင်းနှင့် အားသွင်းမြန်ဆန်သော 18W (Type-C Quick Charge) စနစ်တို့ပါဝင်နေသည့်အချက်များဖြစ်သည်။ realme 6i တွင် Network Latency အပိုင်းကို အနည်းဆုံးလျှော့ချပေးထားခြင်းကြောင့် အထစ်အငေါ့မရှိသည့် Gaming အတွေ့အကြုံကို ပိုမိုရရှိစေဦးမည်ဖြစ်သည်။ 

ကင်မရာရိုက်ကူးမှုအပိုင်းတွင်လည်း 48MP ပင်မကင်မရာနှင့်အတူ 8MP Wide-angle Lens၊ 2MP Depth Sensor Lens နှင့် 2MP Ultra Micro Lens တို့ပါဝင်ကာ ရှေ့ဘက် Selfie ကင်မရာ 16MP အရည်အသွေးထိရရှိစေမည်ဖြစ်သည်။ Android 10 ကိုအခြေပြုထားသည့် realme ၏ ကိုယ်ပိုင် UI ကိုလည်း realme 6i တွင် ထိတွေ့အသုံးပြုရမည်ဖြစ်သည်။ realme 6i အတွက် Green Tea (အစိမ်းရင့်ရောင်) နှင့် White Milk (နို့နှစ်အဖြူရောင်) ၂မျိုးကို ရွေးချယ်နိုင်မည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly